စစ်​ကောင်စီတပ်ကို ထီးချိုင့်နှင့် အင်း​တော်​ဒေသခံကာကွယ်​ရေးတပ်များက တိုက်ခိုက်၁၀ဦးထက်မနည်း​သေဆုံး၊ ဒဏ်ရာရ

ကသာခရိုင်အတွင်း အင်အားဖြည့်တင်းလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ်တန်းကို ထီးချိုင့်နှင့်အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်များကရှေ့ဆင့်နောက်ဆင့် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က၁၀ ဦးထက်မနည်း ​သေဆုံးထိခိုက်ပြီး အထိနာခဲ့​ကြောင်း​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့များထံမှသိရသည်။

ယနေ့နံနက် တစ်နာရီခန့်က ကားအစီးရေ ၃၀ခန့်ပါဝင်သော စစ်ကောင်စီယာဉ်တန်းကို ထီးချိုင့် မြို့ ဝင်ဂိတ်အနီးတွင် တစ်ကြိမ်၊   အင်းတိန် နှင့် ဇီးဖြူကျင်းရွာအနီးတွင်တစ်ကြိမ် ထီးချိုင့်PDF က စတင်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာသည့် ပေါက်ကွဲသံကို မြို့နေရာအနှံ့မှ ကျယ်လောင်စွာ ကြားခဲ့ရသည်ဟု ထီးချိုင့်ဒေသခံများကပြောသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများနိုင်ပြီး ပတ်ဝန်းကျင်အား ရမ်းသမ်းပစ်ခတ်ကာ  အင်းတော်ဘက်သို့ ဆက်လက်ထွက်ခွာသွားသည်ဟု ထီးချိုင့် PDFက ထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် နံနက် နှစ်နာရီ ၁၅မိနစ်ခန့်တွင် အင်းတော်မြို့နယ်အတွင်းဝင်ရောက်လာရာ အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(အင်း​တော်ပကဖ)က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြန်သည်။ ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်ကဆယ်ဦးထက်မနည်း ထိခိုက်ခဲ့သည်ဟု အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ)မှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်း ​အောက်တိုဘာလမှစ၍ အင်အားအလွန်အကျွံသုံးပြီးတိုက်ခိုက်နေသော်လည်း ​ဒေသခံPDFများက​ပျောက်ကျားနည်းဖြင့် ခုခံတိုက်ခိုက်​နေရာ ​ ​​ဒေသအများစုတွင်စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရရှိမှုများပြားနေသည်။ ထို​ကြောင့် တူးမီးအများစုကိုင်​ဆောင် ခုခံ​နေ​သော ​ဒေသခံ PDFများကို အကြမ်းဖက်စစ်​တပ်က ရဟတ်ယာဥ်အသုံးပြု၍တိုက်ခိုက်မှု ပိုများလာသည်။ 

People's Spring 

(ဓါတ်ပုံ- အင်း​တော် ​ပြည်သူ့ကာကွယ်​​ရေးတပ်ဖွဲ့ ဝင်များ)

စစ်​ကောင်စီတပ်ကို ထီးချိုင့်နှင့် အင်း​တော်​ဒေသခံကာကွယ်​ရေးတပ်များက တိုက်ခိုက်၁၀ဦးထက်မနည်း​သေဆုံး၊ ဒဏ်ရာရ စစ်​ကောင်စီတပ်ကို ထီးချိုင့်နှင့် အင်း​တော်​ဒေသခံကာကွယ်​ရေးတပ်များက တိုက်ခိုက်၁၀ဦးထက်မနည်း​သေဆုံး၊ ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:13 Rating: 5

No comments:

Powered by Blogger.