မင်းကင်းမြို့နယ် ငအုန်ရွာအနီးတွင် မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်နှင့် စကစများ အပြန်အလှန် ပစ်ခတ်မှု့ဖြစ်ပွား


ဒီဇင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ငအုန်းကျေးရွာအနီးတွင် သောင်တင်နေသောစကစ၏ ကျောက်စိမ်းဖလက်များအား လာရောက် ကာကွယ်သောတပ်သားများနှင့် MKPDF တပ်ရင်း(၂)တို့ဖြစ်ကြသည့် မန်ကျီးတိုက်သိမ်း၊ မဟူရာကျောက်ရိုင်းအဖွဲ့တို့နှင့် ဒီဇင်ဘာ ၂ ရက် ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်က ပစ်ခတ်မှု့ဖြစ်ပွားခဲပါတယ်။

အဲ့ဒီပစ်ခတ်မှူ့တွင် စကစမော်တော်များအထိခိုက် ရှိနိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထိခိုက်မှု့မရှိပဲ ဆုပ်ခွာနိုင်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်ခန့်ကြာပြီး စကစဖက်က ရှပ်ပြေးနှစ်စီးဖြင့် လက်နှက်ကြီးလက်နှက်ငယ်များနှင့် ပစ်ခတ်ကာ ရွာအတွင်းသို့လည်း ပစ်ခတ်မှု့ရှိခဲ့ပြီး မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တူမီးသေနတ်များဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့သော်လည်း နှောင့်နှေးမှု့ရှိကာ စကစ၏အကျဆုံးကိုတော့ အတိအကျမသိရှိရသေးဘူး ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရပါတယ်။ 

" ကျနော်တိုဘက်ကတော့ အထိခိုက်မရှိဘူးဗျ တိုက်ပွဲဖြစ်ပွားချိန်ကတော့ ၁၅ မိနစ်လောက်ကြာမယ် သူတိုဘက်က ရှပ်ပြေးနှစ်စီးနဲ့လက်နှက်ကြီးလက်နှက်ငယ်တွေပစ်တယ် ရွာပေါ်လည်းပစ်တယ် ကျနော်တို့က တစ်ချက်ပစ်ခြင်မှ တစ်ချက်ထည့်ရတဲ့ တူမီးနဲ့ဆိုတော့ နှေင့်နေးတာတွေရှိတယ် စစ်ခွေးဘက်က အထိအခိုက်ကိုတော့ ရေရေရာရာမသိရသေးဘူးဗျ။ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မျက်မှောက်ခေတ်ကိုပြောပါတယ်။

စကစ၏ကျောက်စိမ်းဖလက်ခွန်များသည် ဖောင်းပြင်မြို့နယ်မှစသောင်တင်တာ ၄ ကြိမ်မြောက်ရှိပြီး လက်ရှိတွင် နှစ်စီးသောင်တင်ကာ ကျန်အစီးများဆုန်ဆင်းသွားသည်ဟု အဲ့ဒီအနီးဝန်းကျင်ကဒေသခံတစ်ဦးထံက သိရပါတယ်။ 

မျက်မှောက်ခေတ် 



မင်းကင်းမြို့နယ် ငအုန်ရွာအနီးတွင် မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်နှင့် စကစများ အပြန်အလှန် ပစ်ခတ်မှု့ဖြစ်ပွား မင်းကင်းမြို့နယ် ငအုန်ရွာအနီးတွင် မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်နှင့် စကစများ အပြန်အလှန် ပစ်ခတ်မှု့ဖြစ်ပွား Reviewed by THITHTOOLWIN on 16:43 Rating: 5

No comments:

Powered by Blogger.