စစ်ကောင်စီတပ်ဖွဲ့မှ အာလောင်ကျေးရွာရှိ ဘုန်းတော်ကြီး ၃ပါး အပါအဝင် ၂၁ဦးကိုဖမ်းဆီးခဲ့

ဒီဇင်ဘာလ ၁၄၊ SGG

စစ်ကိုင်းမြို့နယ်၊ အာလောင်ကျေးရွာ နန်းဦးဓမ္မရိပ်သာကျောင်းမှ ဘုန်းတော်ကြီး ၃ပါး အပါအဝင် လူကြီး လူငယ် ၂၁ဦးကို စစ်ကောင်စီမှ ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

ဒီဇင်ဘာလ ၁၃ရက် ညနေ ၄နာရီ အချိန်လောက်က အိမ်စီးကား၊ ဘုန်ကြီးကျောင်းကားတွေ အသုံးပြုရောက်လာပြီး စိတ်အထင်နဲ့ PDF လို့စွပ်စွဲတယ်၊ PDF နဲ့ဆက်သွယ်တယ်ဆိုပြီး အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတဦးမှ ပြောပါတယ်။

တရာဓမ္မနဲ့မွေ့လျော်နေတဲ့ သာသနာ့နယ်မြေမှာ ဝင်ရောက်အကြမ်းဖက် ဖမ်းဆီးတာကတော့ စစ်ကောင်စီအဖွဲ့ကမ်းကုန်အောင် မိုက်ရိုင်းလွန်းပါတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကောင်စီတပ်ဖွဲ့မှ အာလောင်ကျေးရွာရှိ ဘုန်းတော်ကြီး ၃ပါး အပါအဝင် ၂၁ဦးကိုဖမ်းဆီးခဲ့ စစ်ကောင်စီတပ်ဖွဲ့မှ အာလောင်ကျေးရွာရှိ ဘုန်းတော်ကြီး ၃ပါး အပါအဝင် ၂၁ဦးကိုဖမ်းဆီးခဲ့ Reviewed by THITHTOOLWIN on 06:01 Rating: 5

No comments:

Powered by Blogger.