ထားဝယ် ၊ဒီဇင်ဘာလ ၂၂ ရက်
ထားဝယ်မြို့၊ ဝဲကျွန်းထိန်ဟောင်းရပ်ကွက်၊ သြဘာလမ်း နေအိမ်တွင် အလိုရှိသူ မမိ၍ မိန်းမဖြစ်သူကို ယမန်နေ့ညက ဖက်ဆစ်တပ်များ အင်အားသုံးဖမ်းဆီးသွားသည်။
ဒီဇင်ဘာ(၂၁)ရက်၊ ည(၁၀)နာရီခန့်တွင် ဖက်ဆစ်တပ် Vigoကား(၂)စီး၊ အင်အားအပြည့်ဖြစ် ကိုစိုးနိုင် အား လာရောက်ရှာဖွေကာ အလိုရှိသူ မမိ၍ မိန်းမဖြစ်သူ မဝေထွန်း ကိုဓားစားခံအဖြစ် ဖမ်းဆီးသွားကြောင်း ၎င်းကဆိုသည်။
"ကိုစိုးနိုင် ကအေးဆေးနေတက်သူဖြစ်တယ်။ အလုပ်ကြောင်းနှင့် အနယ်ဖက်ရောက်နေတာ လူမှားပြီးလာဖမ်းတာဖြစ်နိုင်တယ်"ဟု၎င်းကပြောသည်။
အဆိုပါ မဝေထွန်း ကိုဓားစားခံအဖြစ်ဖမ်းဆီးသွားပြီး နာမည်ဆိုးနှင့်ကျော်ကြားသော ခရိုင်စစ်ကြောရေးတွင် စစ်ဆေးနေကြောင်း ထိန်ဟောင်းရပ်ကွက်နေထိုင်သူတစ်ဦးက ရှင်းပြသည်။
ဖက်ဆစ်ကောင်စီတပ်များသည် အလိုရှိသူ မမိပါကမိသားစုဝင်များနှင့် အသက်မပြည့် ငါးနှစ်ကလေးကိုပါမကျန် ဓားစာခံအနေဖြစ် မတရားဖမ်းဆီးထောင်ချလိမ့်ရှိသည်။
Dawei Information Center
No comments:
Post a Comment