ကျေးရွာ​တွေ မီးရှို့ပြန်လာ​သည့် အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦး​သေ


ကျေးရွာများကို မီးရှို့ပြန်လာ​သော အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားသုံးဦးသေဆုံးခဲ့ကြောင်း Ranger Kalay Defend Force က ထုတ်ပြန်သည်။

ယနေ့( ဒီဇင်ဘာ၃ရက်)နံနက်၈နာရီခွဲခန့်တွင် လယ်ခြားနှင့်ရှားတောကျေးရွာများအား မီးရှို့ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Ranger Kalay Defend Forceက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ခြင်းဖြစ်သည်။ 

ထိုသို့မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြားဒဏ်ရာရရှိပြီး သုံးဦးသေဆုံးခဲ့​ကြောင်းထုတ်ပြန်ထားသည်။ 

ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်သာများက အင်အား ၁၂၀ခန့်ဖြင့် စစ်ကြောင်း သုံးကြောင်းခွဲကာ Ranger Kalay Defend Force၏ စခန်းကို သိမ်းရန် ချီတက်လာခဲ့သည်ဟုလည်း ဆိုသည်။ ထိုစစ်ကြောင်းများကို ဒလန်က လမ်းပြခဲ့သည်ဟုလည်း ဆိုသည်။ 

ထို့​ကြောင့် စစ်ကြောင်းများကို သတင်းအရ ဖောက်ခွဲတိုက်ခိုက်ပြီးနောက် ဒေသခံကာကွယ်ရေးတပ်သားများက ဆုတ်ခွာခဲ့ပြီး  တပ်သားတစ်ဦးမှ ဖမ်းမိရခြင်းမရှိဟုလည်း ​ဖော်ပြထားသည်။ 

နိုဝင်ဘာ စတုတ္ထပတ်ကတည်းပင် ကလေးမြို့နယ်တောင်ပိုင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာများကို မီးရှို့နေခြင်းဖြစ်သည်။ 

ဒီဇင်ဘာ၁ရက်ကလည်း ကလေးမြို့နယ် လည်ခြားကျေးရွာရှိ လူနေအိမ်၂၅လုံး၊ စပါးတိုက်များနှင့် ဆန်စက်တစ်လုံးတို့ မီးရှို့ဖျက်ဆီးခံခဲ့သည်ဟု ဒေသခံများက ​ပြောသည်။ ထို့အပြင် မီးရှို့မခံရသည့်​နေအိမ်များနှင့် ဈေးဆိုင်များမှ အဖိုးတန်ပစ္စည်းများကို ခိုးယူသွားကြသည်ဟု ဒေသခံများက ​ပြောသည်။ 

အကြမ်းဖက်စစ်တပ်  မီးရှို့သည့်ကျေးရွာများတွင် ရှေ့စည်း၊ ဒိုးနွယ်၊ ကျောက်ဖူး၊ တင်သား၊ ရှားတော စသည့် ကျေးရွာများပါဝင်သည်။


People's Spring 

ကျေးရွာ​တွေ မီးရှို့ပြန်လာ​သည့် အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦး​သေ ကျေးရွာ​တွေ မီးရှို့ပြန်လာ​သည့် အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦး​သေ Reviewed by THITHTOOLWIN on 23:36 Rating: 5

No comments:

Powered by Blogger.