အကြမ်းဖက်စစ်ကောင်စီက မိုဘိုင်းအင်တာနက်ဈေးနှုန်းကို နှစ်ဆမြှင့်တင်ရန် မိုဘိုင်းအော်ပရေတာကုမ္ပဏီများထံ ညွန်ကြားခဲ့ကြောင်း မိုဘိုင်းအော်ပ ရေတာကုမ္ပဏီများထံမှ သိရသည်။
အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ညွန်ကြားချက်အရ ဖုန်းခေါ်ဆိုမှုနှင့် မိုဘိုင်းအင်တာနက်ဈေးနှုန်းများကိုပြောင်းလဲသတ်မှတ်သွားမည်ဟု မိုဘိုင်းအော်ပရေကုမ္ပဏီများက သုံးစွဲသူများထံ ဒီဇင်ဘာ၂ ရက် ညနေပိုင်းကစပြီး စာတိုမက်ဆေ့များပေးပို့လာသည်။
မိုဘိုင်းအင်တာနက် ၉၅၀MBကို ၉၉၉ကျပ် ဝယ်ယူထားပါက သက်တမ်းကုန်ဆုံးသည်အထိ ထိုနှုန်းများအတိုင်းအသုံးပြုနိုင်မည်ဟု အော်ရီဒူးမိုဘိုင်းအော်ပရေတာကုမ္ပဏီက သုံးစွဲများကို အသိပေးစာပေးပို့ထားကြောင်း ဖုန်းသုံးဆွဲသူများက ပြောသည်။ ဈေးနှုန်းမြှင့်
မည့်နှုန်းအသစ် မှာ ၉၉၉ ကျပ်လျှင် မိုဘိုင်းအင်တာနက် 500MBသာရရှိနိုင်တော့မည်ဟု မိုဘိုင်းအော်ပရေတာကုမ္ပဏီဝန်ထမ်းများက ပြော သည်။ ထိုကြောင့် ဈေးနှုန်း နှစ်ဆခန့် မြှင့်တင်လိုက်ခြင်းဖြစ်သည်။ ဈေးနှုန်းတိုးမြှင့်ခြင်းကို ဒီဇင်ဘာ ၇ ရက်တွင်စတင်မည်ဟုလည်းသိ့ရသည်။
သို့သော် ဖုန်းခေါ်ဆိုခ မည်မျှဈေးတက်မည်ကိုမူမသိ့ရသေးပေ။
အရပ်သားအစိုးရလက်ထက်တွင် မိုဘိုင်းအင်တာနက် 1G( 1 G လျှင် 1024 MB ရှိသည် ) ကျော်ကို တစ်ထောင်ကျပ်ဖြင့်ဝယ်ယူနိုင်ခဲ့ပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီက 950MBကို ၉၉၉ကျပ် သို့ ဈေးတက်ရန် ဇွန်လတွင်းက မိုဘိုင်းအော်ပရေတာကုမ္ပဏီများကို ဖိအားပေးခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မိုဘိုင်းအော်ပရေတာများ၏ အင်တာနက်အသုံးပြုခဈေးနှုန်းများကို စစ်ကောင်စီက မြှင့်တက်လိုက်ပြီးနောက် ယခုအခါ ဒုတိယအကြိမ်မြှင့်တင်ရန် ကြိုးစားလာခြင်းဖြစ် သည်။ ထို့အပြင် အခြားပရိုမိုးရှင်းများကိုလည်း မပေးရန် တားမြစ်ခဲ့သည်။ ထိုကြောင့် ဒုတိယအကြိမ် ထပ်မံဈေးမြှင့်ရန် စစ်ကောင်စီကစီစဥ်နေခြင်းဖြစ်သည်
“Digital Strikeတို့ ၊ အွန်လိုင်းကမ်ပိန်းတို့ကို အင်အားလျော့အောင်လုပ်ချင်ပဲ။ ဒါကလူတွေ အင်တာနက်မသုံးနိုင်အောင် လုပ်တာပါပဲ”ဟု တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီသည် အင်တာနက်နှင့်ဖုန်းလိုင်များကို ဖြတ်တောက်ခြင်း၊ ဖုန်းပြောဆိုမှုများကို ကြားဖြတ်နားထောင်ခြင်း စသော လူအခွင့်အရေးချိုးဖောက်မှုများကိုဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။
People's Spring
No comments:
Post a Comment