ကျောမြို့နှင့် ဂန့်ဂေါမြို့ကြားတွင် မိုင်းဆွဲခံရသည့်အပြင် လောင်ချာဖြင့်ပါ ပစ်ခတ်ခံရမှုကြောင့် စကစတပ်သား (၃၀) ကျော်သေဆုံး


ဒီဇင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ ကျောမြို့နှင့် ဂန့်ဂေါမြို့နယ်ကြားတွင် ယမန်နေ့ နေ့လည်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်များ မိုင်းဆွဲခံရသည့်အပြင် လက်လုပ်လောင်ချာဖြင့်ပါ ပစ်ခတ်ခံရပြီး စကစတပ်သား (၃၀) ကျော်သေဆုံးနိုင်ကြောင်းသိရသည်။

" ကျောမြို့ နှင့် ဂန်ဂေါမြို့ကြား ပုံညာအဆင်းတစ်နေရာ၌ ခွေးစိတ်ပေါက်နေသော အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်ခွေးများစီးနင်းလာသော ကား (၂၄) စီးအား YDF-Kyaw တပ်ရင်း (၁၂) မှ ပြောက်ကျားစစ်နစ်ဖြင့် မိုင်း (၈) လုံး၊ လက်လုပ်လောင်ချာ (၄) ချက် ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား ကားပေါ်မှလွင့်ထွက်ပြီး သေဆုံးမှု (၃၀) ကျော်ရှိနိုင်သည် " ဟု YDF-Kyaw ကထုတ်ပြန်သည်။ 

တိုက်ပွဲအတွင်း YDF-Kyaw တပ်ရင်း (၁၂) မှ  တပ်ဖွဲ့ဝင်များအားလုံး ပြောက်ကျားစစ်အောင်မြင်သဖြင့် တစ်စုံတစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရှိခဲ့ကြောင်းလည်းသိရသည်။


PDF Newsflash

ကျောမြို့နှင့် ဂန့်ဂေါမြို့ကြားတွင် မိုင်းဆွဲခံရသည့်အပြင် လောင်ချာဖြင့်ပါ ပစ်ခတ်ခံရမှုကြောင့် စကစတပ်သား (၃၀) ကျော်သေဆုံး ကျောမြို့နှင့် ဂန့်ဂေါမြို့ကြားတွင် မိုင်းဆွဲခံရသည့်အပြင် လောင်ချာဖြင့်ပါ ပစ်ခတ်ခံရမှုကြောင့် စကစတပ်သား (၃၀) ကျော်သေဆုံး Reviewed by THITHTOOLWIN on 22:03 Rating: 5

No comments:

Powered by Blogger.