ကလေး၀ - ယာကြီးလမ်းမှ တက်လာသည့် စကစ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး (၃၀) ဦး သေဆုံးဟုဆို


MFP ၊ ဒီဇင်ဘာ - ၁၁ 

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကလေး၀ - ယာကြီးလမ်းမှ တက်လာသည့် စစ်ကား (၄) စီးပါသည့် ယာဉ်တန်းကို ဒီဇင်ဘာ (၁၀) ရက်နေ့တွင် တောင်တွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် စကစဘက်မှ (၃၀) ဦး သေဆုံးခဲ့ကြောင်း တောင်တွင်း PDF က ထုတ်ပြန်သည်။ 

" ဒီဇင်ဘာ (၁၀) ရက်နေ့တွင် ကလေးဝမြို့မှ တက်လာသော စစ်ကောင်စီကား (၄) စီးအား (၇၅) မိုင် အရောက်တွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစတပ်သား (၃၀) ကျော်ခန့် သေဆုံးခဲ့ပါတယ်။ TDPDF ( MinGin) တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ် " ဟု တောင်တွင်း PDF က ဆိုသည်။ 

ဒီဇင်ဘာလ  (၉)  ရက်နေ့ကလည်း ကလေးဝမြို့မှ တက်လာသော စစ်ကောင်စီ ကား (၃) စီးနှင့် (၁၀)  ဘီးယာဉ် တစ်စီးအား (၆၈) မိုင် နှင့် (၇၆) မိုင် နှစ်နေရာတွင် မိုင်း (၃) လုံးဖြင့် ဖောက်ခွဲခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားတစ်စီး မီးလောင်ပျက်စီးခဲ့ပြီး အနည်းဆုံး စစ်ကောင်စီတပ်သား (၃၀)ဦးခန့် သေဆုံးခဲ့သည်။ 

ယနေ့ ဒီဇင်ဘာ (၁၁) ရက်တွင် ကလေးဝ - ယာကြီးလမ်းကို ပြည်သူများအနေဖြင့် သွားလာခြင်းမပြုရန်နှင့် ကလေးဝ - ယာကြီးလမ်းမဘေးတွင် နေထိုင်ကြသည့် ကျေးရွာများလည်း ဘေးလွတ်ရာ တိမ်းရှောင်ပြီး လုံခြုံစွာနေထိုင်ကြရန် တောင်တွင်း PDF (မင်းကင်း)က ထုတ်ပြန်ထားသည်။ 

Mandalay Free Press - MFP

ကလေး၀ - ယာကြီးလမ်းမှ တက်လာသည့် စကစ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး (၃၀) ဦး သေဆုံးဟုဆို ကလေး၀ - ယာကြီးလမ်းမှ တက်လာသည့် စကစ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး (၃၀) ဦး သေဆုံးဟုဆို Reviewed by THITHTOOLWIN on 21:25 Rating: 5

No comments:

Powered by Blogger.