တန့်ဆည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးဝင်ဇော်သည် အစည်းအဝေးမှအပြန် သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။
ဦးဝင်းဇော်သည့် ယမန်နေ့(ဒီဇင်ဘာ ၂၇)နံနက် ၁၀နာရီခွဲခန့်တွင် ခရိုင်အစည်းအဝေးသွားတက်ပြီး ရွေဘိုမြို့မှအပြန်လမ်းတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
ရွှေဘို-တန့်ဆည်လမ်း ကာဒီးကျေးရွာနှင့် တန်စပ်ကျေးရွာအကြား သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားကြောင်း တန့်ဆည်မြို့နယ်ဌာနဆိုင်ရာများနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဦးဇော်ဝင်း တက်ရောက်သည့်အစည်းအဝေးမှာ ဒီဇင်ဘာ ၂၆ ရက်ကဖြစ်ပြီး အစည်းအဝေးနောက်ကျ၍ နောက်တစ်နေ့(ဒီဇင်ဘာ ၂၇)မနက် တန့်ဆည်သို့ အပြန်လမ်းတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အထက်ပါ လဝကဦးစီးမှူး ပစ်သတ်ခံရခြင်းနှင့်စပ်လျဥ်းပြီး မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ဆိုခြင်းကို ထုတ်ပြန်အသိပေးခြင်း ယခုအချိန်ထိ မတွေ့ရသေးပေ။
People's Spring
No comments:
Post a Comment