ပုံဟောင်းအသုံးပြုခြင်းသာဖြစ်သည်။ |
ဒီးမော့ဆိုမြို့နယ် ထူးလွီးဘီလာကျေးရွာ ခြေတော်ရာဘုရားတောင်ခြေအနီးမှာ စစ်ကောင်စီနဲ့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF) ၊ ကရင်နီတပ်မတော် ( KA) တို့ ဒီကနေ့ ဒီဇင်ဘာလ ၁၂ရက်နေ့မှာ လေးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှုရှိနိုင်တယ်လို့လည်း KNDF ကထုတ်ပြန်ထားပါတယ်။
KA၊ KNDF နဲ့စစ်ကောင်စီတပ်တို့ ယမန်နေ့ ဒီဇင်ဘာလ ၁၁ရက်နေ့မှာလည်း ဖရူဆိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ဦးသေဆုံးခဲ့ပါတယ်။
ဒီဇင်ဘာလ ၉ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့နယ် ဒေါမတငယ်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို ထူးလွီးဘီလာနဲ့ ငွေတောင်ရွာသစ်ကြားမှာလည်း တိုက်ပွဲဖြစ်ပွားတာလည်း ရှိခဲ့ပါတယ်။
Kantarawaddy Times
ဒီးမော့ဆိုမြို့နယ် ထူးလွီးဘီလာကျေးရွာအတွင်း လေးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွား
Reviewed by THITHTOOLWIN
on
21:28
Rating:
No comments:
Post a Comment