12.12.2021(SUN) | 2:40 PM
နောင်ကြီးအိုင် စခန်းတွင် တပ်စွဲထားသည့် စခန်းမှူး မျိုးဇော်ဖေ ခေါင်းဆောင်သည့် အကြမ်းဖက်စစ် ၊ ရဲ ၁၀ ဦးခန့် သည် ယနေ့ နေ့လည်ပိုင်းက အုပ်ရှစ်ကြီး ကျေးရွာသို့ ကားဖြင့် လာရောက်၍ ဝင်ရောက်မွှေနှောက်သောင်းကျန်းသွားကြောင်း သိရသည်။
" ရွာထိပ်မှာ ကားရပ်ပြီး ရွာထဲကို သေနတ်ဖောက်ပြီး ခြေလျှင်ဝင်လာကြတာ၊ ရွာထိပ်က ဆန်စက်တခုကနေ ဆန်အိတ်တွေ ယူသွားတယ်၊ လ္ဘက်ရည်ဆိုင်ကနေလဲ ဆေးလိပ်ဘူးတွေ ယူသွားတယ်၊ လ္ဘက်ရည်ဆိုင် ထိုင်နေတဲ့ သူတွေကို လည်း မင်းတို့ နိုင်ငံရေးလုပ်သလား၊ မင်းတို့ ဒေါ်စုကလဲ ထောင်ထဲမှာလို့ပြောပြီး ပါးတွေရိုက်သွားလို့ပြောတယ်" ဟု ရွာခံတဦးက သတင်းမှန်သို့ပြောသည်။
ယခုအခါတွင် အုပ်ရှစ်ကြီးရွာမှ နောင်ကြီးအိုင်ဘက်သို့ ပြန်လည်ထွက်ခွါသွားပြီဖြစ်ပြီး ပြည်သူလူထုကားအချို့အား လူသားဒိုင်းအနေဖြင့် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
နောင်ကြီးအိုင်ရွာတွင် စခန်းချ တပ်စွဲထားသော စခမ်းမှူး မျိုးဇော်ဖေ ခေါင်းဆောင်သည့် အကြမ်းဖက် ရဲ ၊ စစ်သားများသည် ရွာခံ ပြည်သူ့နေအိမ် (၄) လုံး၊ ဆိုင်ကယ် ၂၀ စီးအား မီးရှို့ ဖျက်ဆီးထားပြီးဖြစ်ပြီး၊ နောင်ကြီးအိုင်လမ်းဆုံတွင် ရံဖန်ရံခါ တားဆီးစစ်ဆေးမှုများ ပြုလုပ်၍ ငွေညှစ်လေ့ရှိကြောင်းသိရသည်။
အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး
No comments:
Post a Comment