အလွတ်တန်းဓာတ်ပုံဆရာတစ်ဦး စစ်ကြောရေးတွင် သေဆုံး


ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ရန်ကုန်မြို့မှ အလွတ်တန်းဓာတ်ပုံဆရာတစ်ဦးဖြစ်သူ ကိုစိုးနိုင်သည် အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခံရ ပြီးနောက် ၃ ရက်အကြာတွင် စစ်ကြောရေး၌ သေဆုံးခဲ့ကြောင်း ၎င်း၏နီးစပ်သည့် မိတ်ဆွေများမှတစ်ဆင့် သိရသည်။

ကိုစိုးနိုင်သည် ဒီဇင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းက ပြည်သူများ တိတ်ဆိတ်ခြင်းသပိတ် ပါဝင်ဆင်နွှဲကြသည်ကို ဓာတ်ပုံရိုက်ကူးနေစဥ် လသာမြို့နယ်၌ စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ညှင်းပန်းနှိပ်စက်မှုကြောင့် စစ်ကြောရေးတွင် ကိုစိုးနိုင် သေဆုံးခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၁၄ ရက်တွင် အလောင်းလာထုတ်ရန် မိသားစုထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သည့် မိတ်ဆွေ တစ်ဦးက ဆိုသည်။

" ဒီနေ့ပဲ ကိုစိုးနိုင်ဆုံးပြီ ဆိုပြီး မိသားစုကို အလောင်း လာထုတ်ခိုင်းတယ်။ သူက တကယ့်လူအေးပါ။ အဲဒီ့လောက် လုပ်ရက်မယ် မထင်ထားဘူး " ဟု ၎င်းကပြောသည်။

ဖမ်းဆီးခံရစဥ် ကိုစိုးနိုင်နှင့်အတူ တခြား အလွတ်တန်းဓာတ်ပုံဆရာတစ်ဦးလည်း ပါဝင်ခဲ့ပြီး ၎င်း၏ သတင်းကိုမူ လက်ရှိအချိန်ထိ မကြားသိရသေးကြောင်း နီးစပ်သူတချို့က ပြောသည်။

Lu Nge Khit / လူငယ့်ခေတ်

အလွတ်တန်းဓာတ်ပုံဆရာတစ်ဦး စစ်ကြောရေးတွင် သေဆုံး အလွတ်တန်းဓာတ်ပုံဆရာတစ်ဦး  စစ်ကြောရေးတွင် သေဆုံး Reviewed by THITHTOOLWIN on 18:57 Rating: 5

No comments:

Powered by Blogger.