မဲခေါင်၊ ဒီဇင်ဘာ ၂၅
မလှိုင်မြို့တွင် နာမည်ကြီးနေသည့် စစ်ကောင်စီသတင်းပေးတစ်ဦး ဒီဇင်ဘာလ ၂၄ရက် ညပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။
နာမည်ကြီးစစ်ကောင်စီသတင်းပေး ရန်နောင်စိုးကို အမည်မသိအဖွဲ့တစ်ဖွဲ့က ဒီဇင်ဘာလ ၂၄ရက် ည ၆နာရီခွဲခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ကာ သုတ်သင်လိုက်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကိုပြောသည်။
“သေနတ်နဲ့ ၈ချက် ပစ်သွားတယ်။ လည်ပင်ကို ၃ချက်ထိပြီး သေသွားတယ်။ ဘယ်အဖွဲ့က ပစ်တာလဲတော့ မသိဘူး။ သူက မြို့မှာတော့ နာမည်ကြီး သတင်းပေးပဲ” ဟု ၎င်းက ပြောသည်။
သေဆုံးသူ ရန်နောင်စိုးမှာ မလှိုင်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ပြုလုပ်စဉ်က ထွက်ပြေးရသည့် လူငယ်များကို ပုန်းခိုသည့် နေအိမ်များအထိ လိုက်လံပြသကာ ဖမ်းဆီးခိုင်းသူ ဖြစ်ကြောင်း မြို့ခံတစ်ဦးကလည်း မဲခေါင်ကို ပြောသည်။
မလှိုင်မြို့တွင် အောက်တိုဘာလ ၁၁ရက်ကလည်း စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment