ယနေ့ ဒီးမော့ဆိုမြို့နယ်အတွင်းဖြစ်ပွားနေသော တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်က မြေပြင်ထိုးစစ်ဆင်မှု၊ လက်နက်ကြီး ပစ်ကူများအပြင် ဝေဟင်မှ ဂျက်ဖိုက်တာ တိုက်လေယာဥ် ၂ စီးဖြင့်ပါ အင်အားအလွန်အကျွံသုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ကယားပြည် ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်အနီးကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် DOM-PDF ၊ အလယ်ပိုင်းတိုင်းအထူး စစ်ဆင်ရေးအဖွဲ့၊ လွိုင်ကော် PDF ၊ KGZ ၊ KNDF ၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ ဒီဇင်ဘာ ၃၁ ရက်နံနက် ၉ နာရီကတည်းက ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၆၀ မမ ၊ ၁၂၀ မမ အစရှိသည့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ညနေ ၃း၄၀ နာရီမှစ၍ ဂျက်ဖိုက်တာ ၂ စီးဖြင့် မိနစ် ၂၀ အကြာ ဝေဟင်မှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ယနေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှု များနိုင်ပြီး မဟာမိတ်ပူးပေါင်းတပ်များမှလည်း ထိခိုက်ဒဏ်ရာရရှိမှုရှိသည်။
လက်ရှိတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသောကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုနှင့် လေကြောင်းမှ ပစ်ခတ်မှုများကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကို အသေးစိတ်မသိရှိသေးဟု ဒီးမော့ဆို PDF က ညနေ ၅း၄၀ နာရီအချိန်၌ ကနဦး သတင်းထုတ်ပြန်ထားသည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment