အကြမ်းဖက်စစ်တပ်က ဖရူဆို​ဒေသခံ ၃၅ဦးကို မီးရှို့သတ်ဖြတ်

▪️အသတ်ခံရသူများတွင် က​လေးငယ်များ၊ အမျိုးသမီးငယ်များ ပါဝင်ဟု KNDFထုတ်ပြန် 

ဖရူဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ​ဒေသခံပြည်သူ ၃၅ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်တပ် (KNDF)က ယနေ့(ဒီဇင်ဘာ၂၅) ထုတ်ပြန်သည်။ 

ဒီဇင်ဘာ၂၄ ရက် မွန်းလွဲပိုင်းအတွင်း ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူ ၃၅ ဦးကိုသတ်ဖြတ်ခဲ့ပြီး မော်တော်ယာဥ်များနှင့်အတူ မီးရှို့ခဲ့ကြောင်း KNDFက ဆိုသည်။ 

အသတ်ခံရသည့် သူများတွင် ကလေးငယ်များ၊မိန်းကလေးငယ်များနှင့် အမျိုးသမီးများပါဝင်သည်။ 

သတ်ဖြတ်မီးရှို့ခံရသော ပြည်သူများ၏ ရုပ်အလောင်းများမှာ မီးကျွမ်းပြီး အရိုးများသာ ကျန်ရှိခြင်းကြောင့်  မည်သူ၊မည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးပေ။ 

အသတ်ခံရသောပြည်သူများမှာ  စစ်ရှောင်ရင်းလမ်းခုလပ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ရက်စက်စွာသတ်ဖြတ်ခံရခြင်း ဖြစ်သည်ဟု ဆို သည်။ 

အကြမ်းဖက်စစ် ကောင်စီတပ်များ၏ အပြစ်မဲ့ပြည်သူများကို အစုလိုက်အပြုံလိုက် အကြောင်းမဲ့သတ်ဖြတ်မှုသည် လူသားများအပေါ်ကျူးလွန်သောရာဇဝတ်မှုဖြစ်သည်။ 

ထို့အပြင် ဒီဇင်ဘာ၂၄ ရက်​ ​မွန်းလွဲပိုင်းကလည်း ဖရူဆိုမြို့နယ် မိုဆို​ကျေးရွာအနီးတွင် အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့မှ BGF (၁၀၀၄)တပ်မှ တပ်ဖွဲ့၀င်​ ​လေးဦးကို ​နောက်ပြန်ကြိုးတုပ်ကာ ရက်စက်စွာသတ်ဖြတ်ခဲ့သည်။

People's Spring 



အကြမ်းဖက်စစ်တပ်က ဖရူဆို​ဒေသခံ ၃၅ဦးကို မီးရှို့သတ်ဖြတ် အကြမ်းဖက်စစ်တပ်က ဖရူဆို​ဒေသခံ ၃၅ဦးကို မီးရှို့သတ်ဖြတ် Reviewed by THITHTOOLWIN on 10:41 Rating: 5

No comments:

Powered by Blogger.