မိုင်းထောင်ဖောက်ခွဲခံရ၊ မီးရှို့ဖျက်ဆီးခံရမှုတွေကြောင့် ၉ လအတွင်း နေအိမ် ၃၆၀ ပျက်စီးဆုံးရှုံးတယ်လို့ စစ်ကောင်စီထုတ်ပြန်လာ

အာဏာသိမ်းမှုစတဲ့ ဖေဖော်ဝါရီလ ၁ ရက်ကနေ နိုဝင်ဘာလ ၂၀ ရက်အတွင်း နိုင်ငံတဝန်းမှာ မိုင်းထောင် ဖောက်ခွဲခံရ၊ မီးရှို့ဖျက်ဆီးခံရတာတွေကြောင့် နေအိမ် ၃၆၀ ကျော် ပျက်စီးဆုံးရှုံးတယ်လို့ဆိုပြီး စစ်ကောင်စီက ဒီဇင်ဘာလ ၁ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

အဲဒီနေအိမ်တွေထဲမှာ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ မန္တလေးဒုတိယမြို့တော်ဝန်ရဲ့နေအိမ်၊ မန္တလေး၊ မွန်နဲ့နေပြည်တော်တို့က စရဖမှူးနေအိမ်တွေလည်းပါ၀င်ပြီး ဗုံးပစ်ခံခဲ့ရတာလို့ဆိုပါတယ်။

ဒါ့ပြင် စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေအပြီးမှာ မီးရှို့ခံရတဲ့ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာကနေအိမ်တွေ၊ အောက်တိုဘာလကုန်ပိုင်းမှာ မီးရှို့ခံခဲ့ရတဲ့ ချင်းပြည်နယ် ထန်တလန်မြို့ထဲက နေအိမ်တွေ ပါဝင်နေပါတယ်။

အောက်တိုဘာလကုန်ပိုင်းက ထန်တလန်တစ်မြို့တည်းမှာတင် မီးလောင်ခဲ့တဲ့နေအိမ်ပေါင်း ၁၆၀ ကျော်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့တွေကပြောပေမဲ့ စစ်ကောင်စီထုတ်ပြန်ချက်မှာတော့ ချင်းပြည်နယ်ထဲမှာ ပျက်စီးတဲ့လူနေအိမ်အလုံး ၃၀ ရှိတယ်လို့ပဲ ပြောထားတာတွေ့ရပါတယ်။

BBC Burmese

မိုင်းထောင်ဖောက်ခွဲခံရ၊ မီးရှို့ဖျက်ဆီးခံရမှုတွေကြောင့် ၉ လအတွင်း နေအိမ် ၃၆၀ ပျက်စီးဆုံးရှုံးတယ်လို့ စစ်ကောင်စီထုတ်ပြန်လာ  မိုင်းထောင်ဖောက်ခွဲခံရ၊ မီးရှို့ဖျက်ဆီးခံရမှုတွေကြောင့် ၉ လအတွင်း နေအိမ် ၃၆၀ ပျက်စီးဆုံးရှုံးတယ်လို့ စစ်ကောင်စီထုတ်ပြန်လာ Reviewed by THITHTOOLWIN on 16:35 Rating: 5

No comments:

Powered by Blogger.