စစ်ကောင်စီပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးထိမှန်မှုကြောင့် ဘာဒိုဒေသခံတစ်ဦး သေဆုံး

ဒီကနေ့ (ဒီဇင်ဘာလ ၂၄ရက်) မနက်ပိုင်းမှာ ကရင်နီပြည် လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်မှုကြောင့် ပြင်းထန်တဲ့ဒဏ်ရာနဲ့ ဘာဒိုဒေသခံတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

အိမ်ပေါ်ကျလာတဲ့ လက်နက်ကျည်ကြောင့် ဘာဒိုဒေသခံ အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်တဲ့အတွက် သေဆုံးသွားတာဖြစ်ပါတယ်။

“အကြမ်းဖက်စကစမှ ဘာဒိုရွာကို တမင်သက်သက်ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးဒဏ်ရာပြင်းထန်၍ အခုလေးတင်ပဲ အသက်ဆုံးရှုုံးသွားသည်ဟု သိရှိရပါသည်။” လို့ PKPF သတင်းနှင့်ပြန်ကြားရေးဗျူရိုက ရေးသားထုတ်ပြန်ထားပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ မနက်၉နာရီကျော်အချိန်ကစပြီး လက်နက်ကြီးပစ်ခတ်သံတွေကြား နေရတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Kantarawaddy Times / ကန္တာရဝတီတိုင်း(မ်)

ဓာတ်ပုံ - PKPF

စစ်ကောင်စီပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးထိမှန်မှုကြောင့် ဘာဒိုဒေသခံတစ်ဦး သေဆုံး စစ်ကောင်စီပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးထိမှန်မှုကြောင့် ဘာဒိုဒေသခံတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 17:58 Rating: 5

No comments:

Powered by Blogger.