MFP ၊ ဒီဇင်ဘာ - ၂၆
မုံရွာမြို့ရှိ ခလရ (၁၆) ခေါ် အမှတ် (၁၆) ခြေလျှင်တပ်ရင်းကို တာဝေးပစ် လက်နက်ကြီး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြင်းမူ ပြည်သူ့ပြောက်ကျား ကွန်မန်ဒိုတပ်ဖွဲ့ People's Guerillas Commando - Myinmu က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာ(၂၅)ရက် ညနေ(၅)နာရီကျော်အချိန်က မုံရွာမြို့ ခလရ(၁၆)တပ်ဝင်းသို့ တာဝေးပစ် နှစ်လုံးဖြင့် ပစ်ခက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ လက်နက်ကိုင်များဘက်က ည(၁၂)နာရီဝန်းကျင်အထိ ပြန်လည် ရမ်းသမ်း ပစ်ခတ်နေသည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို People's Guerillas Commando - Myinmu နှင့် Monywa Young People Group ညီနောင်မဟာမိတ်နှစ်ဖွဲ့ ပူးတွဲလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
Mandalay Free Press - MFP
မုံရွာ အမှတ်(၁၆)ခြေလျှင်တပ်ရင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်
Reviewed by THITHTOOLWIN
on
19:43
Rating:
No comments:
Post a Comment