ရန်ကုန်မြို့လယ် ပန်းဆိုးတန်း အခွန်ရုံးအနီး ဗုံးပေါက်

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းပေါ်ရှိ အလယ်အလတ်အခွန်ထမ်းများရုံး (၁)အနီးတွင် ယနေ့ (ဒီဇင်ဘာ ၂၉ ရက်) နံနက် ၁ဝနာရီခွဲဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

"ဗုံးပေါက်တဲ့အသံ အကျယ်ကြီး တစ်ချက်ကြားလိုက်တယ်။ မီးခိုးတွေလည်း အများကြီး အူထွက်လာတယ်။ အနီးအနားက လူတွေလန့်ပြီး ပြေးနေတာ တွေ့လိုက်တယ်။ ပေါက်တာက စီးပွားရေးဘဏ်(၁)နဲ့ အခွန်ရုံးနားမှာ ပေါက်တာဆိုတော့ ရုံးကို လာတဲ့ လူအချို့ အဲ့နားမှာ ရှိနေပါတယ်။ လူထိခိုက်မှု ရှိတာတော့ မတွေ့ရပါဘူး " ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဗုံး​ဖောက်ခွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည်ကို မသိရသေး​ပေ။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီဝင်များ ရောက်ရှိလာပြီး လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံအချို့က ဆိုသည်။

People's Spring 

ရန်ကုန်မြို့လယ် ပန်းဆိုးတန်း အခွန်ရုံးအနီး ဗုံးပေါက် ရန်ကုန်မြို့လယ် ပန်းဆိုးတန်း အခွန်ရုံးအနီး ဗုံးပေါက် Reviewed by THITHTOOLWIN on 16:20 Rating: 5

No comments:

Powered by Blogger.