ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်း ပစ်ခတ်သံကြားတဲ့အတွက် ဒေသခံထွက်ပြေးတိမ်းရှောင်နေရ

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ဒီကနေ့ (ဒီဇင်ဘာ ၂၄)ရက် မနက်ပိုင်း ၁၁နာရီခွဲအချိန်မှာ ပစ်ခတ်သံကြားတဲ့အတွက် ဖရူဆိုဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“မိုဆိုရွာဖက် စစ်သားတွေတက်လာတာ ပစ်ခတ်သံတွေကြားနေရပြီ ပြည်သူတွေလဲ ကပျာကယာနဲ့ပြေးနေကြတာ ဘားမှထွေထွေထူးထူးမယူသွားကြဘူး။ ပြေးရတဲ့ထဲ မိုဆို၊ ဒေါခရော့ခူ၊ ဖရူဆိုမြို့ထဲက လာရှောင်နေတဲ့သူလည်းပါတယ် အခုတော့ လူတွေမရှိတော့ဘူး။” လို့ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ဖရူဆိုမြို့နယ်ထဲနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ရွာဖက်ရောက်တာနဲ့ ပစ်ခတ်သံ စကြားတာဖြစ်ပြီး အနီးအနားကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အခြေအနေအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။

Kantarawaddy Times / ကန္တာရဝတီတိုင်း(မ်)

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း ပစ်ခတ်သံကြားပြီး ဒေသခံတွေ ထွက်ပြေးနေရစဥ်။ ဓာတ်ပုံ - Khu K Nyar

ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်း ပစ်ခတ်သံကြားတဲ့အတွက် ဒေသခံထွက်ပြေးတိမ်းရှောင်နေရ ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်း ပစ်ခတ်သံကြားတဲ့အတွက် ဒေသခံထွက်ပြေးတိမ်းရှောင်နေရ Reviewed by THITHTOOLWIN on 17:51 Rating: 5

No comments:

Powered by Blogger.