ဒုန်းတောရွာခံများကို စစ်ကောင်စီက မီးရှို့သတ်မှု ကိုယ်တိုင် ကြုံခဲ့ရသူတစ်ဦးနှင့် တွေ့ဆုံ မေးမြန်းခြင်း


ဒီဇင်ဘာ -၁၀

စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်ဘက် ချင်းတွင်းမြစ်တစ်ဖက်ကမ်းရှိ  ဆားလင်းကြီးမြို့နယ် ဒုန်းတောကျေးရွာမှ ဒေသခံ (၁၁)ဦးကို စစ်ကောင်စီ လက်နက်ကိုင်များက ဒီဇင်ဘာ(၇)ရက်တွင် သတ်ဖြတ်ခဲ့သည်။

အဆိုပါ အသတ်ခံရသူ ဒုန်းတောရွာခံ (၁၁)ဦးအနက် ရွာသား(၁၀)ဦးကို စစ်အုပ်စုက အစုအလိုက် အပြုံလိုက် မီးရှို့မီးရှို့သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး ဖမ်းဆီးနှိပ်စက်ခံရကာ မသေမရှင် ဖြစ်နေသူများကိုပါ စစ်ကောင်စီ လက်နက်ကိုင်များက မီးပုံရှို့ခဲ့ခြင်း ဖြစ်သည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး အသက်မသေဘဲ လွတ်မြောက်လာသူ ဒုန်းတောရွာခံတစ်ဦးက MFP သို့ ပြောသည်။ 

(အပြည့်အစုံကို ယခု လင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ https://youtu.be/xpy9BGH744 ) 

စစ်ကောင်စီ လက်နက်ကိုင်များသည် ၄င်းတို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အနီးအနားရှိ ဒုန်းတောရွာသို့ စီးနင်းဝင်ရောက်ကာ တွေ့သမျှ လူ(၁၁)ဦးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သလို လက်ရှိအချိန်ထိ စစ်ကောင်စီ လက်နက်ကိုင်များ မွှေနှောက်သောင်းကြမ်းနေဆဲ ဖြစ်၍ ဒုန်းတောရွာ ဒေသခံများသည် ယနေ့ ဒီဇင်ဘာ(၁၀)ရက်အထိ နေအိမ်မပြန်ဝံ့သေးဘဲ ထွက်ပြေးတိမ်းရှောင်နေကြရဆဲ ဖြစ်သည်။

ဒုန်းတောရွာဒေသခံ (၁၀)ဦးကို စစ်ကောင်စီ လက်နက်ကိုင်များက မည်သိူ့ မည်ပုံ သတ်ဖြတ်ခဲ့သည်ကို ကိုယ်တိုင်ကြုံခဲ့ရပြီး အသက်ဘေးက လွတ်မြောက်လာသူတစ်ဦးနှင့်  MFP က ဆက်သွယ်မေးမြန်းထားသည်များမှ အချို့ကို ပြန်လည်ဖော်ပြပါသည်။


Mandalay Free Press - MFP

ဒုန်းတောရွာခံများကို စစ်ကောင်စီက မီးရှို့သတ်မှု ကိုယ်တိုင် ကြုံခဲ့ရသူတစ်ဦးနှင့် တွေ့ဆုံ မေးမြန်းခြင်း ဒုန်းတောရွာခံများကို စစ်ကောင်စီက မီးရှို့သတ်မှု ကိုယ်တိုင် ကြုံခဲ့ရသူတစ်ဦးနှင့် တွေ့ဆုံ မေးမြန်းခြင်း Reviewed by THITHTOOLWIN on 23:04 Rating: 5

No comments:

Powered by Blogger.