မြန်မာ့အရေး ရင်ကြားစေ့ရေးနည်းလမ်းသုံးဖို့ ကမ္ဘောဒီယားသံရုံး ထုတ်ပြန်


 မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ရင်ကြားစေ့ရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီယားသံရုံးက ဒီဇင်ဘာ ၁၁ ရက် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

စေ့စပ်ညှိနှိုင်းရေးကို မြန်မာနိုင်ငံက တစ်နည်းနည်းနဲ့ စပြီးဆောင်ရွက်ဖို့လိုနေပြီး ကမ္ဘောဒီယားအနေနဲ့ တစ်ခြားနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်စွက်ဖက်မှာ မဟုတ်ဘူးလို့ သူ့ရဲ့မူဝါဒကိုပါ ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း ကမ္ဘောဒီးယားနိုင်ငံဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်တယ်လို့ ဆိုထားတာ တွေ့ရသလို လူသားချင်းစာနာမှုဆိုင်ရာ ပံ့ပိုးကူညီသွားဖို့ ရှိနေတယ်လို့ ရေးသားထားပါတယ်။

လက်ရှိ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဘရူနိုင်းနိုင်ငံရဲ့ အလှည့်ပြီးရင် ၂၀၂၂ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရဖို့ရှိနေပြီး မြန်မာ့အရေးအတွက် အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ ကမ္ဘောဒီးယားက ဆိုထားပါတယ်။

နှစ်ပေါင်း ၂၀ ကျော် အာဏာယူထားတဲ့ ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်ဟာ မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံသွားမယ်လို့ အတိအလင်းပြောထားသလို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံကို အလည်အပတ်လာဖို့ ဖိတ်ကြားခဲ့ပါတယ်။

နောက်ပြီး ကမ္ဘောဒီးယား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Vong Pisen နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ ဒီဇင်ဘာ ၈ ရက်နေ့က စစ်ကောင်စီကို အာဆီယံ အစည်းအဝေးတွေ တက်ရောက်နိုင်ဖို့ အွန်လိုင်းဗီဒီယိုစနစ်နဲ့ ဆွေးနွေးခဲ့ကြပါတယ်။

RFA Burmese

မြန်မာ့အရေး ရင်ကြားစေ့ရေးနည်းလမ်းသုံးဖို့ ကမ္ဘောဒီယားသံရုံး ထုတ်ပြန် မြန်မာ့အရေး ရင်ကြားစေ့ရေးနည်းလမ်းသုံးဖို့ ကမ္ဘောဒီယားသံရုံး ထုတ်ပြန် Reviewed by THITHTOOLWIN on 20:36 Rating: 5

No comments:

Powered by Blogger.