ဓာတ်ပုံ - KNLA တပ်ဖွဲ့ဝင်တချို့ကိုတွေ့ရစဉ်။ (Photo: KNU) |
ဒီဇင်ဘာလ ၂၃ ရက်နေ့ ၊ ၂၀၂၁
မွန်ပြည်နယ် သထုံမြို့နယ် ဝီရော်အထက်နားတွင် ယမန်နေ့က တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNLA တပ်ရင်း၂ တပ်မှူးတစ်ဦးကပြောပါတယ်။
ယမန်နေ့က ဝီရော်ဖက်ကနေတက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့သည် KNLA ဖက်မှ ၂ နာရီ ၅၀ မိနစ်အချိန်မှာကော့လှိုင်းကျေးရွာနားတွင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်ညနေ ၃ နာရီခွဲလောက်မှာတကြိမ် ချောဘိနားနှင့်ထုံးဘိုကြီးကြားတွင် KNLA ဖက်မှထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့အထက်ပါတပ်မှူးကပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်ခံရတဲ့စစ်ကောင်စီတပ်ဖွဲ့တွေက ထုံးဘိုကြီးနားတွင်ဆက်ရှိနေပြီး သေတဲ့တပ်ဖွဲ့ဝင်တွေကို အဲ့ဒီနေရာမှာဘဲမြှပ်နှံခဲ့တယ်လို့သိရပါတယ်။ ဒဏ်ရာရတဲ့တပ်ဖွဲ့ဝင်တွေလည်းပြန်မပို့နိုင်သေးဘူးလို့ သိရကြောင်းတပ်မှူးကပြောပါတယ်။
KNLA တပ်မဟာ ၁ ပိန္နဲတောလမ်းတစ်လျှောက်ရှိစစ်ကောင်စီတပ်ဖွဲ့နှင့် BGF ပူးပေါင်းတပ်ဖွဲ့တို့သည် ကျသောင်းဆိပ်စခန်းကျပြီးနောက် စစ်ရေးလှုပ်ရှားမှုပိုလုပ်ဆောင်လာတယ်လို့ အဆိုပါတပ်မှူးကပြောပါတယ်။
တပ်မဟာ ၁ ရှိ လေးကေစခန်းက စစ်ကောင်စီတပ်ဖွဲ့နှင့် BGF ပူးပေါင်းတပ်ဖွဲ့တို့လည်း ဒီမနက် ၉ နာရီလောက်မှာမြစ်ကျိုးဖက်သို့ထွက်ခွာသွားတယ်လို့ ဒေသခံကျေးရွာသားများထံမှသိရှိရပါတယ်။
Salween Press
No comments:
Post a Comment