ရေဦးနယ်တွင် စကစနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားပြီး စကစဘက်က လေးဦးသေ

MFP ၊ ဒီဇင်ဘာ - ၃၁ 

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် စကစနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ပြောက်ကျားစနစ်ဖြင့် ထိတွေ့မှုဖြစ်ပွားပြီး စကစဘက်က လေးဦး ထိခိုက်သေဆုံးကြောင်း သတင်းရရှိသည်။

ယနေ့ ဒီဇင်ဘာ (၃၁) ရက်တွင် ရေဦးမြို့နယ် ညောင်နီကန်ရွာနှင့် ဝက်ဖြူရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

" ရေဦးမြို့နယ်က တော်လှန်ရေးအဖွဲ့များနဲ့ စစ်ခွေးစစ်ကြောင်းတို့ ညောင်နီကန်၊ ဝက်ဖြူအနီး ပြောက်ကျားစနစ်ဖြင့် ထိတွေ့မှုဖြစ်ပြီး စစ်ခွေးလေးကောင်ကို ဆုံးမနိုင်ကြောင်း ကနဦးသတင်းရရှိပါတယ် " ဟု ရေဦးပကဖက ပြောဆိုသည်။

ဒီဇင်ဘာ (၃၀) ရက် ည (၁၀) နာရီခွဲခန့်တွင်လည်း ရေဦးမြို့နယ် အင်တောကျေးရွာသို့ ဝင်ရောက်သောင်းကျန်းနေသော စကစတပ်များကို တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးခဲ့သည်။ 

Mandalay Free Press - MFP

ရေဦးနယ်တွင် စကစနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားပြီး စကစဘက်က လေးဦးသေ ရေဦးနယ်တွင် စကစနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားပြီး စကစဘက်က လေးဦးသေ Reviewed by THITHTOOLWIN on 23:05 Rating: 5

No comments:

Powered by Blogger.