ကောလင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေမှုဖြစ်ပွား စကစဘက်မှ ၁၀ ဦးသေ
ဓာတ်ပုံ- silent strike အတွက်ကောလင်းမြို့ဘူတာမြင်ကွင်း |
ဇေယျာတိုင်း၊ ဒီဇင်ဘာ ၁၀
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်း ယနေ့ဒီဇင်ဘာ၁၀ရက် နေ့လည် ၁၁ နာရီခန့် အကြမ်းဖက် စစ်ကောင်စီ တပ်တွေနဲ့ ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
ထိတွေ့မှုဟာကောလင်းခရိုင် ကောလင်းမြို့ ခံသာတိုက်နယ် ရှောက်ပင်ချုံရွာနှင့်ညောင်ပင်သာရွာကြားရှိကျောက်တန်းရွာဝန်းကျင်တွင် ယခင်နေ့တွေကစစ်ကြောင်းထိုးနေတဲ့ စကစတပ်သား ၉၇ ဦးကို ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပျောက်ကျားစနစ်နဲ့တိုက်ခိုက်ခဲ့တာလို့သိရသည်။
ဒီတိုက်ခ်ုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၀ဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးဒဏ်ရာရရှိခဲ့ရာ ၎င်းဒဏ်ရာမှာမစိုးရိမ်ရကြောင်း KR-Team ထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီက အလောင်းများကိုစုပုံသယ်ရွေ့နေတယ်လို့၎င်းကဆိုပါတယ်။ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စကစတပ်တို့အကြား ပြီးခဲ့တဲ့လပိုင်းတွေတုန်းကလဲ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်။
Zayartime Media-ဇေယျာတိုင်း မီဒီယာ
No comments:
Post a Comment