တနင်္သာရီမှာ ပြည်သူကိုလာဖမ်းတဲ့ စစ်ကောင်စီတပ်သားတွေ အပြန်လမ်းမှာ တိုက်ခိုက်ခံရ၊ သုံးဦးသေ

တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၂၅ 

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က တကူကျေးရွာ အနီးက မျှော့အင်းကွမ်းသီးတောမှာ ပြည်သူတစ်ယောက်ကိုလာဖမ်းတဲ့စစ်ကောင်စီတပ်သားတွေအပြန်လမ်းမှာ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ဒီနေ့ နံနက် ၁၁ နာရီဝန်းကျင်က စစ်ကောင်စီတပ်သား ၆ ဦးနဲ့ ဦးဗေဒါဆိုတဲ့ စစ်ကောင်စီသတင်းပေးတို့က လာရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ 

ကွမ်းသီးတောမှာ သူတို့လာရောက်ဖမ်းဆီးတဲ့သူကို မတွေ့ရဘဲ အပြန်လမ်းမှာ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ 

စစ်ကောင်စီတွေနဲ့အတူလိုက်ပါလာတဲ့ ဦးဗေဒါဆိုသူလည်း သေနတ်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

ညနေ ငါးနာရီဝန်းကျင်မှာတော့ တကူစာသင်ကျောင်းရှေ့မှာ ဆိုင်ကယ်တွေကိုစစ်ဆေးခဲ့ပြီး မရပ်ပေးတဲ့ဆိုင်ကယ်တွေကို သေနတ်နဲ့ပစ်ခတ်ခဲ့တာတွေရှိခဲ့တယ် လို့ ဒေသခံတွေကပြောပါတယ်။

The Tanintharyi Times

တနင်္သာရီမှာ ပြည်သူကိုလာဖမ်းတဲ့ စစ်ကောင်စီတပ်သားတွေ အပြန်လမ်းမှာ တိုက်ခိုက်ခံရ၊ သုံးဦးသေ တနင်္သာရီမှာ ပြည်သူကိုလာဖမ်းတဲ့ စစ်ကောင်စီတပ်သားတွေ အပြန်လမ်းမှာ တိုက်ခိုက်ခံရ၊ သုံးဦးသေ Reviewed by THITHTOOLWIN on 22:55 Rating: 5

No comments:

Powered by Blogger.