ပခုက္ကူ၊ ဒီဇင်ဘာ ၃၀၊ ၂၀၂၁။
ဒီဇင်ဘာလ ၃၀ ရက်နေ့က ပခုက္ကူတက္ကသိုလ်ရဲ့အလယ်ပေါက်နားမှာ ချထားတဲ့ ပါဆယ်ဗုံးကို လာရောက်ရှင်းလင်းတဲ့စစ်သား ၁၀ ဦးနှင့် ရဲ ၁၅ ဦး ဗုံးထိမှန်၍ ရဲမှူး ၁ ဦးဒဏ်ရာပြင်းထန်စွာရရှိကြောင်း Pakokku Ranger တာဝန်ခံ Bo Rangerက မြေလတ်အသံသို့ပြောပါတယ်။
"အရင်ဆုံးနေရာကတော့ ပခုက္ကူတက္ကသိုလ်ရဲ့ အလယ်ပေါက်နားမှာပါဗျ၊ဗုံးချထားခဲ့တာ ၇ နာရီလောက်ပါ၊ဗုံးရှင်းဖို့လာတဲ့ ရဲ အင်အား ၁၅ ယောက်ဝန်းကျင်နှင့်စစ်ကားနဲ့လာတာ စစ်သား ၁၀ ယောက် ဝန်းကျင်လောက်ရှိပါတယ်၊ဖောက်ခွဲတာကတော့ မနက် ၇ နာရီ ၄၀ မိနစ်လောက်ကပါဗျ၊ကျနော်တို့က အဝေးထိန်းစနစ်နဲ့ ခွဲတာပါဗျ၊ထိခိုက်မူ့အနေနဲ့ကတော့ ရဲမှူးတစ်ယောက်ဒဏ်ရာပြင်းထန်စွာရသွားပါတယ်၊ကျနော်တို့ဘက်က နည်းနည်းလောသွားတာလဲ ပါတာပေါ့ဗျာ၊၁၀ မိနစ်လောက်နောက်ကျပြီးမှခွဲရင် ၅ ယောက်အထက်သေမှာပေါ့ဗျာ၊ရှိတာနဲ့ အကောင်းဆုံးဖြစ်အောင်ကြိုးစားလုပ်ကိုင်ရတာဆိုတော့ နောက်က Supporting များစွာ လိုအပ်လျက်ရှိပါတယ်ဗျ" လို့ ၎င်းက ဆက်လက်ပြောပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment