ပုသိမ်ကြီး၊ ဒီဇင်ဘာ ၁၁၊ ၂၀၂၁။
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်းရပ်ကွက်က ကြေးစားဒလံဆိုသူ ဦးမောင်စီကို ဒီနေ့ ညနေ ၄နာရီခွဲအချိန်မှာ သေနတ်နဲ့ အနီးကပ် ပစ်ခံရလို့ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုသိမ်ကြီးမြို့နယ် တော်လှန်ရေးအင်အားစု PRF က ဦးမောင်စီကို အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် မီတာအတင်းကောက်တာတွေ မီတာတပ်ဆင်ခ ပိုတောင်းတာတွေကို ဆက်တိုက်လုပ်ဆောင်နေလို့ သေနတ်နဲ့ ပစ်ခဲ့တာဖြစ်တယ်လို့ PRF က တာဝန်ခံတဦးက ပြောပါတယ်။
" အသေပဲ အဲ့နားတင် တစ်ချက်ထဲ ပစ်လိုက်တာ ၊ လမ်းခင်းဖို့ ဆိုပြီးကောက်ထားတဲ့ ငွေတွေကိုလည်း ဘုန်း(ခိုး) တယ်၊ အခုလည်း သူလမ်းကျောက်ချနေတဲ့ အချိန် ဝင်ပစ်ခဲ့တာ" လို့ PRF က ပြောပါတယ်။
သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားသူ ဦးမောင်စီဟာ ရပ်ကွက်အတွင်းက လူတွေကို ခြိမ်းခြောက်သလို စစ်တပ်နဲ့ ရဲကို ပေါင်းပြီး လုပ်စားနေသူ တစ်ယောက်ဖြစ်တယ်လို့ ပြောပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment