နာရေးပို့ပြီးပြန်လာတဲ့ ပျူစောထီးတဦး သေနတ်နဲ့ ပစ်သတ်ခံရ

ရေစကြို၊ ဒီဇင်ဘာ ၂၇၊ ၂၀၂၁။

မကွေးတိုင်း၊ ရေစကြို့မြို့နယ်၊ ပခန်းငယ်ရွာက ပျူစောထီးအဖွဲ့ဝင် ကိုဝင်းအောင်ဆိုသူကို ဒီဇင်ဘာလ ၂၆ ရက်နေ့က နာရေးပို့ပြီးအပြန်မှာ ညောင်စောက်ကျေးရွာအနီး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အသက် ၄၀ ဝန်းကျင်အရွယ် ပခန်းငယ်‌ရွာက ကိုဝင်းအောင်ဆိုသူဖြစ်ပြီး၊ ညောင်စောက်ကျေးရွာကို နာရေးသွားပို့ပြီးအပြန်မှာ အသတ်ခံရကာ၊ ဘယ်အစည်းက သတ်သွားမှန်း မသိသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

"PDFအဖွဲ့တဖွဲ့က ဖြစ်ဖို့များတယ်။ အရင်ကကြံ့ခိုင်ရေး အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးတင်အောင်ကျော်ရဲ့တပည့်ပါ၊ သုံးဘီးမောင်းရင်းနဲ့ PDF တွေဘယ်ရွာမှာရှိတယ်ဆိုတာ သတင်းပေးဒလန်လုပ်နေတာ၊ ဘယ်နေရာအခြေစိုက်တယ်ဆိုပြီး စစ်တပ်လှမ်းလှမ်းခေါ်တယ်၊ လှမ်းလှမ်းဖုန်းဆက်တယ်၊ PDF တွေ သွားလေရာနောက်ယောင်ခံလိုက်တယ်၊ သူ့ကို PDF တွေက ကြိမ်းကြိမ်းနေတာကြာပြီ၊ ဒီကောင်ကဂရုမစိုက်တော့ သတ်လိုက်တာပါ" လို့ ဒေသခံတဦးက ပြောပါတယ်။

မနေ့က ညနေ ၃ နာရီခွဲဝန်းကျင်မှာ ပစ္စတို့သေနတ်နဲပ ၃ ချက်အပစ်ခံရတာဖြစ်ပြီး၊ ရေစကြိုဆေးရုံးရောက်ပြီးမှ ညနေ ၅ နာရီခန့်မှာ သေဆုံးခဲ့ကြောင်းနဲ့ ညောင်စောက်ရွာနဲ့ မဲကုန်းရွာအကြားမှာ အသတ်ခံရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မြေလတ်အသံ - Myaelatt Athan

နာရေးပို့ပြီးပြန်လာတဲ့ ပျူစောထီးတဦး သေနတ်နဲ့ ပစ်သတ်ခံရ နာရေးပို့ပြီးပြန်လာတဲ့ ပျူစောထီးတဦး သေနတ်နဲ့ ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 05:40 Rating: 5

No comments:

Powered by Blogger.