စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့ ဆိတ်ကျောင်းသားတဦးကို သတ်ခဲ့ကြပြီး ရွာနေအိမ်များကိုဖျက်ဆီး၊ နေအိမ်များမှပစ္စည်းများလှည့်လည်ခိုးယူ
ဒီဇင်ဘာလ ၂၁၊ SGG
ဝက်လက်မြို့နယ် လှတွေရွာမှ ဆိတ်ကျောင်းနေတဲ့ ဆိတ်ကျောင်းသား လူငယ်တဦးကို စစ်ကောင်စီနှင်ပျူစောထီးအဖွဲ့မှ ဒီကနေ့ မနက်ပိုင်း ၉:၃၀နာရီအချိန်လောက်က သတ်ဖြတ်လိုက်ပါတယ်။
ဒီကနေ့မနက် ၉နာရီ အချိန်လောက်က အရာတော်မြို့နယ် သလဲဘာရွာနှင့် ငွေတွင်းရွာမှ စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့တွေ လက်နက်ကြီးနဲ့ပစ်ခတ်ပြီးအင်အား ၁၀၀ ခန့်နဲ့ လှတွေရွာကို ဝင်ရောက်လာခဲ့တာပါ။
လှတွေရွာကို ဝင်ရောက်လာခဲ့တဲ့ စစ်တပ်နှင့်ပျူစောထီးအဖွဲ့ဟာ တွေ့မြင်သမျှကို ပစ်ခတ်ခဲ့ကြပြီး ဆိတ်ကျောင်းနေတဲ့ မောင်ဝင်းမင်းကို ဖမ်းဆီး လက်ပြန်ကြိုးတုပ်ပြီး သေနတ်ဒင်နဲ့ ဦးခေါင်းကိုအကြိမ်ကြိမ်စောင့်ခဲ့ကြပါတယ်။ ဆိတ်ကျောင်သား လူငယ် ဦးခေါင်းကြေမွသားပြီး သေဆုံးတဲ့အချိန်မှာ နှာခေါင်းနှင့်ပါးတခြမ်းမရှိတော့ဘူးလို့ တွေ့မြင်သူတွေ့ကပြောပါတယ်။
စစ်ကောင်စီနှင်ပျူစောထီးအဖွဲ့ဟာ လှတွေရွာက ဆိုင်တဆိုင်ကိုလဲ ဖျက်ဆီးခဲ့ပြီး ပစ္စည်းကောင်းတွေကိုတော့ ခိုးယူ သွားခဲ့ကြပါတယ်။
စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့တွေက ကျောက်ကုန်းရွာမှာရှိတဲ့ နေအိမ် ၁၁ လုံးကိုလည်း ဖျက်ဆီးခြင်း၊ ရိုက်ချိုးခြင်းတွေပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ ပစ္စည်းအကောင်းတွေကိုတော့ ခိုးယူကြပြီး ကားနဲ့သယ်ဆောင်သွားကြတယ်လို့ မျက်မြင်တွေ့ရှိခဲ့ကြသူတွေကပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေဟာ ပြည်သူနေအိမ်တွေဖျက်ဆီးကြပြီး ရွာနေအိမ်တွေက ပစ္စည်းခိုးယူအပြီး နေ့လည် ၁၁:၃၀နာရီ အချိန်ခန့်မှာ ပြန်လည်ထွက်သွားတယ်လို့သိရပါတယ်။
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
No comments:
Post a Comment