( စစ်ကောင်စီက သင်တန်းပေးထားသည့် ပြည်သူ့စစ်အမည်ခံ ကျော်သူထက်ဆိုသူအား ယူနီဖောင်းအပြည့်အစုံဖြင့် တွေ့ရစဥ်) |
ရန်ကုန်တိုင်း တွံတေးမြို့ရှိ စစ်ကောင်စီတပ်မှ သင်တန်း ပေးထားသည့် ပြည်သူ့စစ်ခေါင်းဆောင်ဟုဆိုသူ တစ်ဦးကို ပစ်ခတ်သတိပေးခဲ့ကြောင်း တွံတေးမြို့နယ် မြို့ပြပြောက်ကျားတပ်က ယနေ့(ဒီဇင်ဘာ၂၂)ထုတ်ပြန်သည်။
ပစ်ခတ်သတိပေးခံရသူသည် စစ်ကောင်စီ၏ သတင်းပေး ဒလန်တစ်ဦးလည်းဖြစ်၊ ပြည်သူ့စစ်တစ်ဦးလည်းဖြစ်သည့် ကျော်သူထက်ဆိုသူဖြစ်ပြီး ၎င်းအား ခြောက်လှန့်ယုံ ပစ်ခတ်သတိပေးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အကြောင်းမှာ ကျော်သူထက်အား ပစ်သတ်သုတ်သင်ရန်ကြိုးပမ်းချိန် ၎င်း၏လူမမယ်ကလေးနှစ်ဦး အပြင်သို့ပြေးထွက်လာခြင်းကြောင့် ကလေးများအား မထိခိုက်စေရန် ခြောက်လှန့်ယုံ ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
"ဒီတစ်ကြိမ်ကံကောင်းသွားပေမယ့် နောက်ထပ်အဲ့လိုအခွင့်အရေးမျိုးမရှိစေရဘူး။ ဒီလိုမျိုး လူထုမျက်နှာမကြည့်ဘဲ စကစအားပေး ဒလန်လုပ်နေသူ မည်သူမဆိုနှင့်အပေါင်းအပါများကို ပြည်သူ့ရန်သူအဖြစ်သတ်မှတ်ပြီး အမြစ်ပြတ်ချေမှုန်းသွားပါမယ်"ဟု တွံတေးမြို့ပြပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ခြောက်လှန့်ပစ်ခတ်ခံရသည့် ကျော်သူထက်ဆိုသူသည် ပြီးခဲ့သည့်မတ်လအတွင်းက တွံတေးမြို့ခံလေးဦး ပစ်သတ်ခံရမှုနှင့် ပြည်သူများဖမ်းဆီးခံရမှု၏ အဓိကလက်သည်တစ်ဦးဖြစ်ကြောင်း တွံတေးမြို့ပြပြောက်ကျားတပ်က ထုတ်ပြန်အသိပေးထားသည်။
အကြမ်းဖက်စစ်ကောင်စီသည် ၎င်း၏လက်ဝေခံများဖြစ်သော ပျူစောထီး၊ ဒလန်နှင့် စစ်တပ်ထောက်ခံသူများကိုစုစည်းကာ စစ်သင်တန်းများပေးလျှက်ရှိသည်။
People's Spring
No comments:
Post a Comment