အကြမ်းဖက်စစ်ကောင်စီက ရေဦးမြို့နယ် ရေမြက်ရွာကို မီးရှို့ဖျက်ဆီးနေ၍ ထွက်ပြေးခဲ့ရပြီး လမ်းခုလတ်၌ ကွယ်လွန်သွားသည်ဟု သတင်းထွက်ခဲ့သော အသက် ၁၀၀နှစ်အရွယ် ဒေသခံအဘွားအိုသည် သတိလစ်မေ့မျောနေခြင်းသာဖြစ်ပြီး ဆေးကုသမှုခံယူနေပြီဟု ဒေသခံများကပြောသည်။
ရေမြက်ကျေးရွာနေ အသက် ( ၁၀၀ ) ရှိ အဘွားဒေါ်အေးမှတ်သည် ဒီဇင်ဘာလ ၂၁ရက်က စစ်ဘေးရှောင်ရင်း မိသားစုဝင်များနှင့် လမ်းကွဲသွားကာ ပျောက်ဆုံးခဲ့ကြောင်း၊ရာသီဥတု အအေးလွန်ပြီးနောက် သေဆုံးနေသည်ကို ရွာအတွင်း လမ်းဘေးတစ်နေရာ၌ နောက်တစ်နေ့(ဒီဇင်ဘာ ၂၂)တွင်း တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောခဲ့သည်။
သို့သော်အမှန်တစ်ကယ်တွင်မူ ဒေါ်အေးမှတ်သည် သတိလစ်မေ့မျောနေခြင်းသာဖြစ်ပြီး ကွယ်လွန်ခြင်းမဟုတ်ဟု ယနေ့ (ဒီဇင်ဘာ ၂၃) ညနေ ၄ နာရီခွဲတွင်အတည်ပြုနိုင်ခဲ့သည်ဟု ရေမြက်ရွာဒေသခံတစ်ဦးကပြောသည်။
" အမေကြီး ဒေါ်အေးမှတ် သည်ရေပြတ်၊ အစာအဟာရပြတ်ပြီး အအေးပတ်တဲ့ဒဏ်ကြောင့် လဲပြီး မလှုပ်နိုင် ဘဲဖြစ်နေတာပါ။စကားမပြောနိုင်တာပါ။ အသက်ရှုနေသေးကြောင်း သိရပါသည်" ဟုရဦးဒေသခံတစ်ဦးက လူမှုကွန်ရက်တွင် အသိပေးရှင်းထားသည်။
အဘွားဒေါ်အေးမှတ်ကွယ်လွန်သွားပြီး ဟု People's Spring သတင်းဌာနက ယနေ့မွန်းလွှဲပိုင်းတွင်ဒေါသခံများအားမေးမြန်း၍ သတင်းဖော်ပြမိခဲ့သဖြင့် ပြင်ဆင်ဖတ်ရှုပေးစေလိုပါသည်။ ထိုသို့ မှားယွင်းဖော်ပြမိသဖြင့် အဘွားဒေါ်အေးမှတ်နှင့် အဘွားမိသားစုဝင်များကို တောင်းပန်အပ်ပါသည်။
ရေမြက်ရွာကိုအကြမ်းဖက်စစ်ကောင်စီက ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တွင် စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပြီး လေကြောင်းမှလည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
လက်ရှိတွင် ရေဦးမြို့နယ်အတွင်းရှိ လေးရွာနှင့်ပလူဇဝရွာအပါအဝင် ရွာကိုးရွာမှ ဒေသခံပြည်သူများသည် စစ်ကောင်စီတပ်၏ အကြမ်းဖက်ရန်ပြုမှုကြောင့် ဘေးလွတ်ရာ ရှောင်တိမ်းနေကြရသည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဦးမြို့နယ်)က ယနေ့(ဒီဇင်ဘာ ၂၃)ထုတ်ပြန်ထားသည်။လျှပ်စစ်မီးကြိုးများ ပြတ်ကျနေခြင်းနှင့် မိုင်းအန္တရာယ်ကြောင့် ရွာအတွင်းသို့ မဝင်ရောက်ကြသေးပါရန်နှင့် အန္တရာယ်ရှိပစ္စည်းများ ရှင်းလင်းပြီးမှသာ ဝင်ရောက်ကြရန် ဒေသခံစစ်ရှောင်ပြည်သူများအား ရေဦး(PDF)က မေတ္တာရပ်ခံထားသည်။
People's Spring
No comments:
Post a Comment