မင်းတပ်က ခရစ်ယာန်ဓမ္မဆရာ တစ်ဦး အဖမ်းခံရ


ချင်းပြည်နယ်၊ မင်းတပ်မြို့ ဆောက်လုပ်ရေးလမ်းခွဲအနီး စစ်ဆေးရေးဂိတ် လုပ်ပဲရွာက ခရစ်ယာန်ဓမ္မဆရာ တစ်ဦးကို CDFနဲ့ ပတ်သက်တယ်လို့စွပ်စွဲကာ ယနေ့ ဒီဇင်ဘာ ၁၂ ရက် ညနေ ၅ နာရီလောက်က စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေက တစ်ဆင့် သိရပါတယ်။

သူ့ကို ဒေသအခြေစိုက် အမှတ် ၂၇၄ တပ်ရင်းထဲကို ခေါ်သွားကြောင်းနဲ့ အခုအထိ အဆက်အသွယ်မရသေးကြောင်းသူတို့က ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့မနက်က မင်းတပ်မှာ စစ်ကောင်စီဘက်က ပစ်လို့ ဒေသခံတစ်ဦးသေနတ်ကျည်ထိပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်၊အလောင်းကို ချက်ခြင်းမီးသင်္ဂြိုဟ်ခိုင်းခဲတယ်ဆိုတဲ့ သတင်းတွေလည်း ဒေသခံတွေကြားမှာ ပြောဆိုနေကြပါတယ်။

စစ်ကောင်စီဘက်ကတော့ မင်းတပ်မြို့တိုက်ပွဲတွေ အခြေအနေနဲ့ လူသေဆုံးမှုသတင်းတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ဒါ့အပြင် မင်းတပ် CDF၊ ကျောက်ထု PDFပူးပေါင်းအဖွဲ့ အင်အား၂၀ခန့်က စစ်ကောင်စီတပ်တွေကို ရွှေအောင်သာကျေးရွာနဲ့ ကြည်းကျေးရွာကြားမှာ ပြောက်ကျားစနစ်နဲ့ ဒီကနေ့ တိုက်ခိုက်ခဲ့ကြတယ်လို့ မင်းတပ်ဒေသခံတွေက ပြောပါတယ်၊

နယ်မြေရှင်လင်းရေးဆောင် ရွက်နေဆဲဖြစ်တယ်လို့ ဒေသခံလက်နက်ကိုင်တွေက ပြောပြီးသေဆုံးသူမရှိကြောင်း စစ်ကောင်စီဘက်က သေဆုံးမှုတွေကိုတော့ မသိရသေးဘူးလို့ လည်းသူတို့က ပြောပါတယ်။

BBC Burmese
မင်းတပ်က ခရစ်ယာန်ဓမ္မဆရာ တစ်ဦး အဖမ်းခံရ မင်းတပ်က ခရစ်ယာန်ဓမ္မဆရာ တစ်ဦး အဖမ်းခံရ Reviewed by THITHTOOLWIN on 17:37 Rating: 5

No comments:

Powered by Blogger.