ပိတိုင်ရွာတွင် ခရီးသည်များလိုက်ပါလာသော ယာဥ်တန်းကို ဖက်ဆစ်တပ်များ တိုက်ခိုက်

 

ပုံစာ - မြိတ်မှထားဝယ်ဖက်သို့ တက်လာသောတိုက်ခံရသည့် ခရီးသည် ယာဥ်ဖြစ်ပါသည်။

ထားဝယ် ၊ဒီဇင်ဘာလ ၂၄ ရက်

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးကျေးရွာအုပ်စု၊ ပိတိုင်ရွာတွင် ခရီးသည်များလိုက်ပါလာသောယာဥ်တန်းကို ယနေ့နံနက်စောပိုင်းက ဖက်ဆစ်တပ်များ တိုက်ခိုက်ခဲ့သည်။

ဒီဇင်ဘာ(၂၄)ရက်၊နံနက်(၄)နာရီခန့် မြိတ်ဖက်မှ ထားဝယ်ဖက်သို့ ဦးတည်လာသော ခရီးသည်ယာဥ်တန်းတိုက်ခိုက်ခံရကြောင်း ဒေသခံတစ်ဦးကဆိုသည်။

"ခရီးသည်ယာဥ်တန်းရှေ့မှာ တခုခုပေါက်ကွဲပြီး ဖက်ဆစ်တပ်သားများ သေနတ်ကျည် ဆယ်ချက်ခန့် ကားပေါ်ဆက်တိုက်ပစ်တယ်"ဟု၎င်းကပြောသည်။  

ထိုနောက်ရှေ့ဆုံးယာဥ်တွင်ပေါက်ကွဲမှုကြောင့် ကားရှေ့မှန်ထိပြီး နဘေးမှန်သေနတ်ပစ်ခံရကာ ခရီးသည် (၂)ဦးဒဏ်ရာရရှိ၍၊ နောက်တစ်စီးမှာ အလားတူ ကားရှေ့မှန်ကွဲကာ ယာဥ်မောင်းတွင် နားရွက်ကျည်ထိမှန်ခဲ့ကြောင်း ၎င်းထပ်မံပြောဆိုသည်။

ယင်းနောက် နောက်ဆုံးတစ်စီးတွင် ကားရှေ့မှန်ကွဲ၍ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းသိရှိရသည်။

အဆိုပါ ဒဏ်ရာရရှိသောခရီးသည်များကို ဖက်ဆစ်တပ်များ ထားဝယ်တပ်နယ်ဆေးရုံသို့ ခေါ်ဆောင်သွားကာ ဆေးကုသမှုပေးနေကြောင်း မြင်တွေ့ခဲရသူတစ်ဦးက ရှင်းပြသည်။

ဖက်ဆစ်ကောင်စီတပ်များသည် ပြည်သူလူထုပေါ် အနည်းမျိုးစုံဖြင့် ရက်စက်ယုတ်မာကြ၍ ၎င်းတို့၏ပြစ်မှုများကိုမည်သည့်အခါမှ ဝန်ခံခြင်းမရှိပေ။

Dawei Information Center 


ပိတိုင်ရွာတွင် ခရီးသည်များလိုက်ပါလာသော ယာဥ်တန်းကို ဖက်ဆစ်တပ်များ တိုက်ခိုက် ပိတိုင်ရွာတွင် ခရီးသည်များလိုက်ပါလာသော ယာဥ်တန်းကို ဖက်ဆစ်တပ်များ တိုက်ခိုက် Reviewed by THITHTOOLWIN on 10:24 Rating: 5

No comments:

Powered by Blogger.