စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ မြောက်အင်းရွာမှာ ဒီကနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းက နေအိမ် ၉၀ ခန့်မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေထံက တစ်ဆင့်သိရပါတယ်။
တစ်ရွာလုံးနီးပါးကို မီးရှို့ထားခဲ့တာလို့လည်း ဒေသခံတွေကပြောသလို မီးလောင်နေတဲ့ အိမ်တွေကို ရိုက်ထားတဲ့ရုပ်သံကိုလည်း ဒေသခံအချို့က ဆိုရှယ်လူမှုကွန်ရက်မှာ တင်ထားတာကိုတွေ့ရပါတယ်။
စစ်ကောင်စီတပ်တွေဟာမြောက်အင်းရွာထဲကို အင်အား ၆၀ ခန့်နဲ့ ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ပြောပေမယ့် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး၊
ရွာသူရွာသားတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရပြီး မီးငြှိမ်းသတ်ပေးမယ့်လူမရှိတာကြောင့် မီးလောင်ပျက်စီးတဲ့ အိမ်အရေအတွက် ထပ်တိုးလာနိုင်ကြောင်း ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀နဲ့ ၂၁ ရက်ကလည်း တန့်ဆည်နယ်နဲ့ ရေဦးနယ်အစပ်က လိပ်ခြံနဲ့ ရေမျက်ရွာတွေကို ပီဒီအက်ဖ်စခန်းတွေကို ဖြိုခွင်းတာဆိုပြီး ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
BBC Burmese
တန့်ဆည် မြောက်အင်းရွာမှာ နေအိမ်တွေအများအပြားမီးရှို့ခံရ
Reviewed by THITHTOOLWIN
on
19:30
Rating:
No comments:
Post a Comment