ဒီးမော့ဆိုတိုက်ပွဲ၌ ပြည်သူ့ ရဲဘော် ၁၀ ဦးကျော် ထိခိုက် ဒဏ်ရာရ

အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဥ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဒီးမော့ဆိုတိုက်ပွဲ၌ ပြည်သူ့ ရဲဘော် ၁၀ ဦးကျော် ထိခိုက် ဒဏ်ရာရ

အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တိုက်လေယာဥ် ၂ စီးဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ယနေ့ ဒီဇင်ဘာ ၃၁ရက်နေ့ ဒီးမော့ဆိုတိုက်ပွဲ၌ ပြည်သူ့ ရဲဘော် ၁၀ ဦးကျော်ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ 

ကယားပြည် ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်အနီးကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် DOM-PDF ၊ အလယ်ပိုင်းတိုင်းအထူး စစ်ဆင်ရေးအဖွဲ့၊ လွိုင်ကော် PDF ၊ KGZ ၊ KNDF ၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ ဒီဇင်ဘာ ၃၁ ရက်နံနက် ၉ နာရီကစ၍ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်က ၆၀ မမ ၊ ၁၂၀ မမ အစရှိသည့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင်   ညနေ ၃း၄၀ နာရီမှစ၍ ဂျက်ဖိုက်တာ ၂ စီးဖြင့် မိနစ် ၂၀ အကြာ ဝေဟင်မှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယနေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှု များနိုင်ပြီး မဟာမိတ်ပူးပေါင်းတပ်များမှလည်း ထိခိုက်ဒဏ်ရာရရှိမှုရှိသည်။

 ၈ နာရီကြာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည့် ဒီးမော့ဆိုမြို့နယ်တိုက်ပွဲ၌ ပြည်သူရဲဘော် ၁၀ ဦး ကျော် လက်နက်ကြီး လက်နက်ငယ် ထိမှန်ဒဏ်ရာ ရရှိထားသည်ဟု Medic Unit Demoso ဆေးတပ်ဖွဲ့က ဖော်ပြထားသည်။

သံလွင်ခက် - Than Lwin Khet News

ဓာတ်ပုံ -MedicUnit-DMO

ဒီးမော့ဆိုတိုက်ပွဲ၌ ပြည်သူ့ ရဲဘော် ၁၀ ဦးကျော် ထိခိုက် ဒဏ်ရာရ ဒီးမော့ဆိုတိုက်ပွဲ၌ ပြည်သူ့ ရဲဘော် ၁၀ ဦးကျော် ထိခိုက် ဒဏ်ရာရ Reviewed by THITHTOOLWIN on 22:58 Rating: 5

No comments:

Powered by Blogger.