ချောင်းဦးတွင် ခြေလျင်ဖြန့်ဆင်းလာသော စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးထိခိုက်မှုများပြား


မုံရွာ၊ ဒီဇင်ဘာ-၃၀

ချောင်းဦးမြို့၏အနောက်ဖက်ရှိကျေးရွာများကို ဝင်ရောက်စီးနင်းရန်အတွက်  ခြေလျင်တပ်ဖြန့်လာကြသော စစ်ကောင်စီတပ်ကို ဒီဇင်ဘာလ ၃၀ ရက် မနက်ပိုင်းက အသင့်စောင့်ဆိုင်း  မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စကစ  (၅) ဦးနေရာတွင်ပင်သေဆုံး၍ တစ်ဦး လက်မောင်းရင်းမှပြတ် ကာ (၂၀) ခန့် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ချောင်းဦး PDF ကထုတ်ပြန်ထားပါတယ်။ 

 သေဆုံး၊ ထိခိုက်သူများကို FORLAND ကားပေါ်သို့ပြန်တင်ပြီး ပြန်ဆုတ်ချိန်   နောက်ချန်ကင်းအဖြစ် ခြေလျင်လိုက်ပါ လာတဲ့ စစ်ကောင်စီ တပ်သား (၇) ယောက်ကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ (၄) ယောက်သေဆုံးပြီး ကျန် (၃) ယောက်လည်း ဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ 

" သေတဲ့သူတွေရှိတယ် ဒဏ်ရာရသူတွေလည်းမနည်းဘူး အလံဖြူထောင်ပြီး အလောင်းကောက်ရတယ်လို့ကြားတယ်။ ကလေးတွေ အထိအခိုက်မရှိတာပဲ ဝမ်းသာလှပြီ”လို့ ချောင်းဦးအမြင့်လမ်းက ဒေသခံတစ်ဦးက ချင်းတွင်းရီဗျူးကိုဖြေကြားပါတယ်။

စစ်ကောင်စီဘက်ကတော့ ထိခိုက်သေဆုံးမှုတွေကို အတည်ပြုပြောဆိုတာမရှိဘဲ PDF တွေ အမြင်မှန်ရပြီး လက်နက်တွေလာအပ်ပါက ပြစ်မှုကျူးလွန်ထားတာမရှိရင် ဖမ်းဆီးမှာမဟုတ်ဘူးလို့ပဲ ဖြေကြားထားပါတယ်။

ဒီတစ်ပတ်အတွင်း စစ်ကိုင်းတိုင်းတစ်ခွင်လုံးဖြစ်တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ရာချီ ထိခိုက်သေဆုံးထားပြီး MPDF Aungsan Force ရဲ့ ထုတ်ပြန်ချက်အရ လေကြောင်းနည်းပညာတွေပါ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ 


Chindwin Review

ချောင်းဦးတွင် ခြေလျင်ဖြန့်ဆင်းလာသော စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးထိခိုက်မှုများပြား ချောင်းဦးတွင် ခြေလျင်ဖြန့်ဆင်းလာသော စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးထိခိုက်မှုများပြား Reviewed by THITHTOOLWIN on 00:54 Rating: 5

No comments:

Powered by Blogger.