MFP ၊ ဒီဇင်ဘာ - ၁၄
တန့်ဆည် မြို့နယ်အတွင်း ကျေးရွာများကို မွှေနှောက်ဖျက်ဆီး လုယက်ကာ ပြန်လာသည့် စစ်ယာဥ်တန်းကို မိုင်းဆွဲတိုပ်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင် နှစ်ဦး သေပြီး ခြောက်ဦး ဒဏ်ရာရရှိကြောင်း တန့်ဆည်ဒေသ တော်လှန်ရေးတပ်ဖွဲ့ Taze People Comrades - TPC က သတင်းထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ရွာသာယာမှပြန်လာသည့် စကစများ လိုက်ပါလာသော အာရာဖတ်ကားတစ်စီးနှင့် ဆိုင်ကယ်ငါးစီးကို ဒီဇင်ဘာ(၁၃)ရက် ညနေ(၆)နာရီကျော်အချိန်က ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု တန့်ဆည် TPC က ဆိုသည်။
"မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ခွေး နှစ်ကောင်ကို ငရဲပို့ဆောင်နိုင်ခဲ့ပြီး၊ ခြောက်ကောင် ဒဏ်ရာရ၊ တစ်ကောင်မှာ အရေးပေါ်အခြေအနေ ဖြစ်ကြောင်း သတင်းအတည်ပြု ရရှိပါတယ်"ဟု တန့်ဆည် TPC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များ လမ်းဘေး မူးဘောင်ပေါ်တွင် ထိုင်ငိုနေသည်ကိုလည်း တွေ့ရကြောင်း တန့်ဆည် TPC က ဆိုသည်။
အဆိုပါ ဖြစ်စဥ်နှင့် စကစ များ သေဆုံးထိခိုက်မှု အခြေအနေများကို MFP အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
Mandalay Free Press - MFP
No comments:
Post a Comment