ကလေးမြို့နယ် နတ်ချောင်း ကျေးရွာပြည်သူ ၁၇ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်ထားပြီး ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က ရွာရှိနေအိမ်များကို ၅ ကြိမ်မြောက် မီးထပ်ရှို့နေသည်ဟု သိရသည်။
ဒီဇင်ဘာလ ၂၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာအတွင်း ပိတ်မိနေသူများကို သတ်ဖြတ်ခြင်းဖြစ်ပြီး နေအိမ်များကိုလည်း ၂၃ ရက်နေ့ကတည်းက အကြိမ်ကြိမ် မီးရှို့နေခြင်း ဖြစ်သည်။
နတ်ချောင်းကျေးရွာအတွင်း တပ်စွဲထား၍ ပြည်သူများကို သတ်ဖြတ်ခြင်းနှင့် နေအိမ်များကို မီးရှို့ခြင်းများပြုလုပ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်များက သွားရောက်တိုက်ခိုက်ခဲ့သည်။
ထိုသို့တိုက်ခိုက်မှုကြောင့် ဒီဇင်ဘာလ ၂၆ ရက်ည ၆နာရီမှ တစ်ညလုံးတိုက်ပွဲပြင်းထန်ခဲ့ပြီး ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက် နံနက် ၇ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။
နတ်ချောင်းကျေးရွာ ညလုံးပေါက်တိုက်ပွဲနှင့် နတ်ချောင်းကျေးရွာ အခြေအနေတစ်ချို့ကို တိုက်ပွဲတွင်းပါဝင်ခဲ့သည့် Kalay PDF တပ်ဖွဲ့ဝင်နှစ်ဦးအား မေးမြန်းထားသည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment