တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၂၆
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်က သရက်နှစ်ခွရွာအနီးမှာ မနေ့ညက စစ်ကား ၄ စီးပါယာဥ်တန်းမို့င်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီဇင်ဘာလ ၂၅ ရက်ည ၁၀ နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
"ပထမဆုံး ရွာထိပ်လောက် ပေါက်ကွဲသံစကြားရတာပဲ။ ပြီးတာနဲ့ သေနတ်တွေ ၁နာရီလောက် ဆက်တိုက်ပစ်ခတ်သံကြားရတယ်။သေနတ်သံတွေကတော့ တစ်ဖက်တည်းပစ်ခတ်နေတဲ့အသံမျိုးပါပဲ။နောက်တော့ အိမ်တွေကိုအကြမ်းဖက်ဝင်ရောက်စစ်ဆေးတယ်။တချို့ရွာသားတွေရိုက်နှက်စစ်ဆေးခံရတယ်။နေအိမ်တစ်ဆောင်မီးရှို့ခံထားရပြီး တချို့အိမ်တွေလည်းရိုက်နှက်ဖျက်ဆီးခံထားရတယ်" လို့ ဒေသခံတစ်ဦးက တနင်္သာရီတိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီဘက်က သေနတ်နဲ့ အတွဲလိုက်ပစ်ခတ်တာတွေရှိခဲ့ပြီး ရွာကနေပြန်ထွက်သွားချိန်မှာလည်း လမ်းတစ်လျှောက်ပစ်ခတ်ပြီးထွက်သွားခဲ့တယ်လို့သိရပါတယ်။
ဒီဇင်ဘာ ၂၅ ရက်ညမှာ သရက်ချောင်းမြို့နယ်က ထားဝယ်-မြိတ်ကားလမ်းမတစ်လျှောက် ကျေးရွာတချို့မှာ သေနတ်သံတွေဆက်တိုက်ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ရေဖြူမြို့နယ်၊ ကံပေါက်ရွာမှာလည်း ည ၁၁ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်တွေ သေနတ်ပစ်ခတ်တာတွေရှိခဲ့ပြီး ဘာကြောင့်ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့မသိရသေးပါဘူး။
The Tanintharyi Times
No comments:
Post a Comment