ခရမ်းမြို့နယ်တွင် ယနေ့(ဒီဇင်ဘာ ၁၁)ညနေပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခံရကြောင်း ဒေသခံများက ပြောသည်။
ယနေ့ ညနေ ၆ နာရီခန့်တွင် ခရမ်းမြို့နယ် တမံကြီးကျေးရွာအုပ်ချုပ်ရေးမှူး မြင့်ဇော်နိုင်ဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ခရမ်ဆေးရုံသို့ပို့ထားရပြီး သေဆုံးခြင်းရှိ၊ မရှိကို မသိရသေးပေ။
သေနတ်ဖြင့် ပတ်ခတ်ခံရသည့် ဒလန်မြင့်ဇော်နိုင်သည် စစ်ကောင်စီက ဒုတိယအကြမ်ခန့်အပ်သည့် တမံကြီးကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်ပြီး ပထမခန့်အပ်သည့်အုပ်ချုပ်ရေးမှူးဦးချစ်မြိုင်မှာ နိုဝင်ဘာကတည်းက အုပ်ချုပ်ရေးမှူးတာဝန်မှ နှုတ်ထွက်သွားခဲ့သည်။
ခရမ်းမြို့နယ်ရှိ တမံကြီးကျေးရွာသည် ဒလန်များ၏ သတင်းပေးမှုများကြောင့် မကြာခဏဆိုသလို စစ်ကောင်စီတပ်များ၏ ဝင်ရောက်စစ်ဆေးခြင်းခံရပြီး ပြီးခဲ့သည့်ရက်ပိုင်းများကလည်း မီတာမဆောင်ဟုဆိုကာ တစ်ရွာလုံး လျှပ်စစ်မီးဖြတ်တောက်ခံခဲ့ရသည်။
People's Spring
No comments:
Post a Comment