အင်းဇောက်ရွာတွင် ပျူစောထီးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ တို့တိုက်ပွဲဖြစ်ပွား

ပုံစာ - ပန်းဒလဲရွာ ပျူစောထီးခေါင်းဆောင် ဦးဇော်ဦး ဖြစ်ပါသည်။

ထားဝယ် ၊ ဒီဇင်ဘာလ ၁၀ ရက်

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ အင်းဇောက်ရွာ ဒလန်အကြီးစားနေအိမ် ဒီဇင်ဘာ(၉)ရက်နေ့ညက ဗုံးပစ်ခံရ၍ စစ်ကူလာသော ပျူစောထီးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ(၉)ရက်၊ ည(၁၁)နာရီခန့် အင်းဇောက်ရွာ ဒလန်အကြီးစား ကိုဘဲဥ၊မနုသွေး မိသားစုနေအိမ်ဗုံးပစ်ခံရပြီး (၂)ဦးခန့်ဒဏ်ရာရရှိကြောင်း ရွာသားတစ်ဦးက ဆိုသည်။ 

ထိုနောက် ပန်းဒလဲရွာ ပျူစောထီးခေါင်းဆောင် ဦးဇော်ဦး အပါဝင် နောက်လိုက်အပေါင်းပါ (၅)ဦး အင်းဇောက်ရွာ ဒလန်အကြီးစား နေအိမ်သို့ လာစဥ် လမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ နှင့် ထိပ်တိုက် ပြန်လှန်ပစ်ခတ်ခဲ့ကြောင်း ၎င်းကပြောပြသည်။ 

ယင်းနောက် ပျူစောထီးအဖွဲ့က အမျိုးသား(၁)ဦးဒဏ်ရာရ၊(၃)ဦး သေနတ်ကျည်ထိမှန် သေဆုံးသွားကြောင်း ၎င်းကထပ်မံပြောဆိုသည်။ 

အဆိုပါပစ်ခတ်မှုများအား ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်အဖွဲ့ မှ လုပ်ဆောင်ခဲ့ပြီး ၎င်းတို့အဖွဲ့မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း ထုတ်ပြန်ထားပါသည်။

လက်ရှိတွင် ဝေဒီရွာဘုန်းကြီးကျောင်း၌ ဖက်ဆစ်တပ်သားများ အင်အား(၅၀)ခန့်ဖြစ် တပ်စွဲထားပြီး ကျေးရွာနေပြည်သူများ(၁၀)ဦးခန့်ကို ဖမ်းထားကြောင်း ရွာသားတစ်ဦးက ရှင်းပြသည်။

Dawei Information Center

အင်းဇောက်ရွာတွင် ပျူစောထီးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ တို့တိုက်ပွဲဖြစ်ပွား အင်းဇောက်ရွာတွင် ပျူစောထီးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ တို့တိုက်ပွဲဖြစ်ပွား Reviewed by THITHTOOLWIN on 07:51 Rating: 5

No comments:

Powered by Blogger.