လက်နက်နှင့် ရိက္ခာသယ်ကာ မောင်းနှင်လာသည့် စကစယာဉ်တန်းမိုင်းဆွဲခံရ၍ နှစ်ဦးသေဆုံးပြီး စစ်ကားတစ်စီး ပျက်စီး


 ဓာတ်ပုံ၊ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး 

ဒီဇင်ဘာ၂ရက်

စစ်ကိုင်းတိုင်း၊ မန္တလေး-မုံရွာ လမ်းမကြီးပေါ်၌ လက်နက်နှင့် ရိက္ခာသယ်ကာ မောင်းနှင်လာသည့် စကစတပ်ဖွဲ့၏ (၁၁)စီးပါ ယာဉ်တန်းမိုင်းဆွဲခံရ၍ နှစ်ဦးသေဆုံးပြီး စစ်ကားတစ်စီးပျက်စီးကြောင်းMonywa People Defence Force - MPDF က ထုတ်ပြန်သည်။

ယနေ့ ဒီဇင်ဘာလ (၂) ရက်၊ နေ့လယ် (၁၁)နာရီအချိန်ခန့်တွင် မန္တလေး-မုံရွာ လမ်းမကြီးပေါ်ရှိ မြေနဲကျေးရွာနှင့် မင်းရွာကျေးရွာအကြား စွမ်းရည်ထက်ဆီဆိုင်၏ တောင်ဘက်နားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အနီးသို့ ရောက်လာသည့် ပြည်သူနှစ်ဦးလည်း ထိခိုက်မှုရှိခဲ့သည်ဟု MPDF က ဆိုသည်။ 

ထိုသို့ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် စိတ်မကောင်းဖြစ်ရပြီး နောက်ဆက်တွဲကိစ္စရပ်များအပေါ် တာဝန်ယူသွားမည်ဟုလည်း ဖော်ပြထားသည်။ 

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသည့် စကစအဖွဲ့ဝင်များကို လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်သွားပြီးနောက် မိုင်းထိပျက်စီးခဲ့သည့် ယာဉ်ပေါ်မှ လက်နက်များကို အခြာာဉ်တစ်စီးဖြင့် ပြောင်းလဲသယ်ဆောင်သွားခဲ့ကြောင်းလည်း မုံရွာ PDF က ပြောသည်။ 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာ PDF နှင့် ချောင်းဦး PDF မဟာမိတ်နှစ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ 


Mandalay Free Press - MFP

လက်နက်နှင့် ရိက္ခာသယ်ကာ မောင်းနှင်လာသည့် စကစယာဉ်တန်းမိုင်းဆွဲခံရ၍ နှစ်ဦးသေဆုံးပြီး စစ်ကားတစ်စီး ပျက်စီး လက်နက်နှင့် ရိက္ခာသယ်ကာ မောင်းနှင်လာသည့် စကစယာဉ်တန်းမိုင်းဆွဲခံရ၍ နှစ်ဦးသေဆုံးပြီး စစ်ကားတစ်စီး ပျက်စီး Reviewed by THITHTOOLWIN on 22:52 Rating: 5

No comments:

Powered by Blogger.