Photo:MRA |
မဲခေါင်၊ ဒီဇင်ဘာ ၃၀
မြောင်မြို့နယ်၊ ကျောက်တန်းကျေးရွာနှင့် ရွှေတချောင်းကျေးရွာကြား ချင်းတွင်းမြစ်ကမ်းဘေးတွင် ခြေလျင်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်သား (၂၅)ဦးခန့်အား မြောင်မြို.နယ်တော်လှန်ရေးတပ် (MRA) မှ ယနေ့မနက်ပိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိကြောင်း MRA က ထုတ်ပြန်သည်။
မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA)သည် ပြောက်ကျားစစ်ဆင်ရေးများကိုအရှိန်အဟုန်မြှင့် လုပ်ဆောင်နေပြီး ပြည်သူများအထိအခိုက်မရှိစေရန် အထူးဂရုပြု ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုများကို သတိကြီးကြီးထား၍ ဂရုတစိုက်ရှောင်ရှားသွားလာကြပါရန် အသိပေး ထုတ်ပြန်ထားသည်။
MeKong News - မဲခေါင်သတင်း
စစ်ကောင်စီခြေလျင်စစ်ကြောင်းကို မြောင်မြို့နယ်တော်လှန်ရေးတပ် မိုင်းဆွဲတိုက်ခိုက်သဖြင့် ၃ ယောက်သေ
Reviewed by THITHTOOLWIN
on
00:39
Rating:
No comments:
Post a Comment