ဒီပဲယင်းမြို့နယ် နဂါးတွင်းကျေးရွာမှ အရပ်သားအမျိုးသား (၄) ဦးကို စကစတပ်က ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်ဟုဆို

 



ဓာတ်ပုံ၊ ပေးပို့ 

ဒီဇင်ဘာ - ၁၀ 

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် နဂါးတွင်းကျေးရွာမှ အရပ်သားအမျိုးသား (၄) ဦးကို စကစတပ်က ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က MFP သို့ပြောသည်။ 

" ဟုတ်ပါတယ်။ နဂါးတွင်းရွာ ဝင်ရောက် တပ်စွဲပြီး ယနေ့ပြန်လည်ထွက်ခွာမှ ပြည်သူများသိရတာပါ။အပြစ်မဲ့ ပြည်သူတွေပါ။ ကျန်းမာရေး မကောင်းလို့ ရွာမှာနေခဲ့သူများ ဖြစ်ပါတယ် " အဆိုပါ အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ 

လက်ပြန်ကြိုးတုပ်၍ သတ်ဖြတ်ထားခဲ့ခြင်းဖြစ်ပြီး မည်သည့်နေ့ရက်တွင် အသတ်ခံရသည်ကိုမူ အတည်မပြုနိုင်သေးကြောင်းလည်း ပြောဆိုသည်။ 

နဂါးတွင်းရွာ၌ တပ်စွဲထားသည့် စကစတပ်သည် ဒီဇင်ဘာလ (၈)ရက်နေ့တွင် ပြည်သူ (၃)ဦးအား ပစ်ခတ်ခဲ့သဖြင့် (၂)ဦး သေဆုံးပြီး (၁)ဦး ဒဏ်ရာရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ 

ထို့ပြင် ဆည်တောကျေးရွာ ဘုန်းကြီးကျောင်းရှိ သင်္ကန်းများကိုလည်း စကစတပ်က ယူဆောင်ကာ အရပ်သား (၁၁)ဦးကိုလည်း ဖမ်းဆီးထားကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ဆိုသည်။ 

နိုဝင်ဘာလ (၂၇) ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ် ညောင်လှရွာတွင် စကစတပ်များက စစ်သုံးရဟတ်ယာဉ်နှင့် ပစ်ခတ်သဖြင့် အရပ်သား (၂) ဦး သေဆုံးခဲ့သည်။ 

စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးကာလအတွင်း အရပ်သားကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁,၃၂၅) ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။  


Mandalay Free Press - MFP

ဒီပဲယင်းမြို့နယ် နဂါးတွင်းကျေးရွာမှ အရပ်သားအမျိုးသား (၄) ဦးကို စကစတပ်က ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်ဟုဆို ဒီပဲယင်းမြို့နယ် နဂါးတွင်းကျေးရွာမှ အရပ်သားအမျိုးသား (၄) ဦးကို စကစတပ်က ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်ဟုဆို Reviewed by THITHTOOLWIN on 23:01 Rating: 5

No comments:

Powered by Blogger.