မုံရွာ-အရာတော်ကားလမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရပြီး စကစတပ်သား (၁၅) ဦးသေဆုံးကာ (၂၀) ဦးမသေမရှင်ဖြစ်
ဒီဇင်ဘာ ၂၄၊ PDFNewsflash
စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်ကားလမ်းပေါ် ယနေ့ နံနက် ၉နာရီခန့် အချိန်က ၃၆၉-(သစ်ကျင်းကြီး)တပ်အထွက်လမ်းဆုံတွင် စစ်ကောင်စီတပ်များမှ အရာရှိကြိုရန် စောင့်နေသော တပ်သား (၂၅) ဦးပါ ဖောကား (၁)စီး၊ အရာရှိပါလာသော အင်အား (၂၀) ခန့်ပွိုင့်ကား (၂) စီး တို့သည် PDF များထောင်ထားသော မိုင်းကွင်းပေါ်တည့်တည့်ရပ်နေသောကြောင့် ကားပေါ်မှအဆင်းတွင် မိုင်း (၅) လုံး ရှေ့ထွက်မိုင်း (၁) လုံးဖြင့် နှစ်ဆင့်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် " အနည်းဆုံး စကစတပ်သား (၁၅) ကောင်ခန့် ငရဲသို့တန်းရောက်ပြီး ငရဲကြီး ၈ ထပ် VIP နံပါတ် စောင့်နေသောအကောင်ရေ (၂၀) ခန့်ရှိကြောင်းသိရပြီး ယနေ့တွက် မုန့်ဟင်းခါးများကား အထူးစပယ်ရှယ် မွှေးပျံ့လျှက်ရှိကြောင်း " AF2 ကထုတ်ပြန်သည်။
စစ်ကောင်စီတပ်သားများမှာ အလကားရသောကျည်ဖြင့် ရမ်းသမ်းပစ်ခတ်သော်လည်း ပြောက်ကျားရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါစစ်ဆင်ရေးအား Ayadaw Falcon Force(AF2)၊ သပြေညို ပြောက်ကျားတပ်ဖွဲ့၊ ပတ္တမြားညီနောင်နှင့် Ayadaw Bone Naing PDF (A.B.N PDF) တို့မှ ဦးဆောင်၍ Knight of The Red Land (KORL)တပ်ဖွဲ့ ၊တမန်တော်ပြောက်ကျားတပ်ဖွဲ့ (APOSTLE)၊ Guerillas Commendo-Myinmu(PGC)၊ M.R.T.F တပ်ဖွဲ့၊ The Guys of Burma Revolution Force (GBRF) တော်လှန်ရေးညီနောင် (၉) ဖွဲ့ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရသည်။
PDF Newsflash
No comments:
Post a Comment