ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆမီးမြို့မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုကော်မတီဝင်၊ ချင်းပြည်နယ် NLD ပါတီ အတွင်းရေးမှူး နဲ့ ၂၀၂၀ ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အနိင်ရ ဆလိုင်းမျိုးထိုက်နေအိမ်ကို ယနေ့ ဒီဇင်ဘာ ၂၆ ရက် မနက် ၁၁ နာရီလောက်က အာဏာသိမ်းစစ်ကောင်စီတပ်က ချိတ်ပိတ်လိုက်တယ်လို့သတင်းရရှိပါတယ်။
၎င်းတို့ခြံဝန်းမှာဆောက်ထားတဲ့ Mission Baptist အသင်းတော်ကိုလည်း ချိတ်ပိတ်ကြပါတယ်။
ချင်းပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ ပိုင်ဆိုင်မှုချိတ်ပိတ်ခံရတာ ပထမဆုံးအကြိမ်ဖြစ်ပြီး အရင်က NUG ဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်ရဲ့ ဟားခါးမြို့က နေအိမ်ကိုလည်း ချိတ်ပိတ်ခံရပါတယ်။
Zalen
လွှတ်တော်ကိုယ်စားလှယ်ဆလိုင်းမျိုးထိုက်ရဲ့ အိမ်နဲ့ ဘုရားကျောင်းချိတ်ပိတ်ခံရ
Reviewed by THITHTOOLWIN
on
19:52
Rating:
No comments:
Post a Comment