စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီထောက်ပို့ယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက် စကစတပ်သား ထိခိုက်ဒဏ်ရာရသူများခဲ့ပြီး သေဆုံးမှုရှိနိုင်

ဒီဇင်ဘာလ ၂၅၊ SGG

စစ်ကောင်စီထောက်ပို့ယာဉ် ၁၂ဘီးကား ၁စီးကို ဒီဇင်ဘာလ ၂၄ရက် ည ၉:၃‌၀နာရီအချိန်ဝန်းကျင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စစ်ကိုင်းခရိုင်တပ်ရင်း(၁)မှ တပ်စုက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

စစ်ကိုင်းမှရွှေဘိုဦးတည်ထွက်ခွာလာတဲ့ စစ်ကောင်စီထောက်ပို့  ၁၂ဘီးကား နောက်ပိုင်းမိုးကာအုပ်ထားတဲ့ ယာဉ် ၁စီးကို စစ်ကိုင်းမြို့နယ်အတွင်း စစ်ကိုင်း-ရွှေဘို ကားလမ်းမကြီးပေါ် သိမ်ချောင်းမြောက်ဘက် သားပျောက်ကုန်းလမ်းခွဲအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်လိုက်တာပါ။

မိုးကာအုပ်ထားတဲ့ကားနောက်ပိုင်းကို မိုင်းထိမှန်ခဲ့ပြီး ကားအတွင်းမှာ ခိုးကြောင်ခိုးဝှက်လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အော်ဟစ်ငြီးငြူးသံတွေပေါ်ထွက်လာခဲ့တယ်လို့သိရပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားများသေဆုံးမှုရှိနိုင်ပြီး တပ်သားအတော်များများ ထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပါတယ်။ ‌

ဝက်လက်မြို့နယ် ဒေါင်းဧကရာဇ်တပ်ဖွဲ့ကလဲ စစ်ကောင်စီထောက်ပို့ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြန်ပါတယ်။ တူမီး‌သေနတ်နဲ့ ဝိုင်းပစ်ခဲ့ကြတဲ့အတွက် စစ်ကောင်စီတပ် အထိနာသွားတယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီထောက်ပို့ယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက် စကစတပ်သား ထိခိုက်ဒဏ်ရာရသူများခဲ့ပြီး သေဆုံးမှုရှိနိုင် စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီထောက်ပို့ယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက် စကစတပ်သား ထိခိုက်ဒဏ်ရာရသူများခဲ့ပြီး သေဆုံးမှုရှိနိုင် Reviewed by THITHTOOLWIN on 10:59 Rating: 5

No comments:

Powered by Blogger.