ဓာတ်ပုံ - ကိုဆက်မျိုးထွေး |
တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၁၁
ထားဝယ်မြို့၊ တလိုင်းမရပ်ကွက်၊ ဗဟိုလမ်းဆုံအနီးရှိ နေအိမ်တစ်အိမ်ကို ဒီနေ့ည ၆ နာရီဝန်းကျင်က စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မိသားစုဝင်လေးဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေ Vigo ကား နှစ်စီးနဲ့ရောက်လာပြီး နေအိမ်မှာရှိနေတဲ့ ကိုဆက်မျိုးထွေးအပါအဝင် မိသားစုလေးဦး ကို ဖမ်းခေါ်သွားခဲ့တယ်လို့ တလိုင်းမရပ်ကွက်မှာနေထိုင်သူတွေက ပြောပါတယ်။
"ညနေ ၅ နာရီခွဲအချိန်လောက်မှာပေါ့။ ပထမ Vigo ကားတစ်စီးရဲယူနီဖောင်းနဲ့ အရပ်ဝတ် ကျည်ကာ အကျီတွေနဲ့ ရောက်လာပြီး အဲအိမ်ကိုဝိုင်းထားတာ အင်အား ၁၀ လောက်ရှိမယ်။ နောက်မိနစ် ၂၀ လောက်ကြာတော့ Vigo ကားတစ်စီးထပ် ရောက်လာပြီး မိသားစုဝင်လေးယောက်စလုံးကို ဖမ်းခေါ်သွားတာကိုတွေ့ရတယ်" လို့ အဖမ်းခံရချိန် အနီးနားမှာရှိနေသူတစ်ဦးက ပြောပါတယ်။
မိသားစုဝင်လေးယောက်စလုံးကို ဘာကြောင့်လာရောက်ဖမ်းဆီးခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
The Tanintharyi Times
No comments:
Post a Comment