(ပုံစာ- ကိုဝေမိုးနိုင်ပါသော ဆိုင်ကယ်စီး၍ဆန္ဒပြနေ မုံရွာသပိတ်ကိုအကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားကားအသုံးပြု၍ ကားဖြင့်တိုက်ဖမ်းဆီးရန် မောင်းဝင်လာစဥ်) |
မုံရွာလူထုသပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်ကို ကားနှင့်တိုက်ဖမ်းဆီးခဲ့သည့် နမခ(အနောက်မြောက်တိုင်း)ဗျူဟာမှုး အရာတော်-မုံရွာလမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။
ယနေ့(ဒီဇင်ဘာလ ၃၁ ရက်) နံနက် ၈း၃၉ နာရီက အရာတော်-မုံရွာလမ်းတစ်နေရာတွင် မုံရွာဘက်သို့မောင်းနှင်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ပွိုင့်ကား ၂စီး၊ အိမ်စီးကား ၅ စီး၊ မှန်လုံ ၂စီး တို့ဖြင့် အရပ်ဝတ်များလည်းလိုက်ပါလာ
သည့် စစ်ကောင်စီယာဥ်တန်းအား ပဒေသာမိုင်း ၄ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ၏ အိမ်စီးကား တစ်စီး၊ မှန်လုံတစ်စီးတို့ပျက်စီးသွားပြီး ပြင်းပြင်းထန်ထန်ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း Monywa Ranger Group က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ မိုင်းခွဲခံရသည့်ကားတစ်စီးပေါ်တွင်ပြောင်ကြီးဟုလူသိများသည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ နမခဗျူဟာမှုးလည်း လိုက်ပါလာခဲ့ပြီး ၎င်းသည် ဧပြီလအတွင်းက မုံရွာလူထု၏သပိတ်ခေါင်းဆောင်တက်ကြွလှုပ်ရှားသူကိုဝေမိုးနိုင်ကို ကားနှင့်တိုက်ဖမ်းဆီးခဲ့သူဖြစ်ကြောင်း၊ ပြောင်ကြီးမှာ
မိုင်းထိ့ပြီးဒဏ်ရာများရရှိသွားသည်ဟု စစ်ဘက်ဆိုင်ရာသတင်းများအရ မုံရွာအခြေစိုက် ချင်းတွင်းရိုးမသတင်းဌာနက ရေးသားထားသည်။
မိုင်းခွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သားများ အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။
မိုင်းခွဲတိုက်ခိုက်မှုကြောင့် ပြောင်ကြီးသေဆုံးခြင်းရှိမရှိ ၊စစ်ကောင်စီတပ်ဖွဲ့ဝင်မည်မျှသေဆုံး ဒဏ်ရာရသည်ကိုမူ People's Spring က အတည်ပြုမရသေးပါ။
People's Spring
No comments:
Post a Comment